အဓိကကစားသမားများ ဒဏ်ရာပြဿနာကြုံတွေ့နေရသည့် ဘာစီလိုနာအသင်း၏ ဒဏ်ရာရစာရင်းတွင် တောင်ပံကစားသမား ဒမ်ဘီလီပါ ထပ်တိုးလာသဖြင့် အင်တာမီလန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲအတွက် အခက် တွေ့ဖွယ်ရှိနေကြောင်း သိရသည်။
ဒမ်ဘီလီသည် ပေါင်ကြွက်သားဒဏ်ရာကြောင့် တစ်လကျော်ကြာအနားယူခဲ့ရပြီးနောက်ပိုင်း ပထမဆုံးအဖြစ် စက်တင်ဘာ ၂၄ ရက်က ဗီလာရီးယဲလ်အသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိသွားသည့် အသင်းခေါင်းဆောင် မက်ဆီ၏နေရာ၌ လူစားဝင်ရောက်ကစားခဲ့သည်။
၎င်းသည် စက်တင်ဘာ ၂၈ ရက်က ဂီတာဖေးအသင်းနှင့်ကစားသည့် အဝေးကွင်းပွဲအတွက် ကနဦးလူစာရင်းတွင် ပါဝင်ခဲ့သော်လည်း ကြွက်သားဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ရသည်။
၎င်း၏ဒဏ်ရာကို ဘာစီလိုနာအသင်းဆေးအဖွဲ့က စစ်ဆေးမှုပြုလုပ်ရာ ဝဲဘက်ပေါင်ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် အတည်ပြုထုတ်ပြန်သည်။
ဒမ်ဘီလီသည် ယခုရာသီတွင် ဒုတိယအကြိမ် ဝဲဘက်ပေါင်ဒဏ်ရာရရှိခြင်း ဖြစ်ပြီး အနားယူရမည့်ကာလနှင့် ပြန်ကစားနိုင်မည့်အချိန်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
ဗီလာရီးယဲလ်နှင့်ပွဲတွင် ကြွက််သားဒဏ်ရာရရှိသဖြင့် ပထမပိုင်းအပြီး မှာပင် လူစားလဲခဲ့ရသည့် မက်ဆီ၏အခြေအနေကို မသိရသေးသလို ခြေစွမ်းပြနေသည့် အသက် ၁၆ နှစ်အရွယ် လူငယ်တောင်ပံကစားသမား အန်ဆူဖာတီမှာလည်း ဒူးဒဏ်ရာကြောင့် ဂီတာဖေးအသင်းနှင့်ပွဲကို လွဲချော်ခဲ့သည်။
ထို့ပြင် ဘယ်နောက်ခံလူ အယ်လ်ဘာ (တံကောက်ကြောဒဏ်ရာ) နှင့် ခံစစ်အတွင်း လူ အမ်တီတီ (ခြေထောက်ဒဏ်ရာ)တို့မှာလည်း အစောဆုံးအဖြစ် အောက်တိုဘာ ဒုတိယပတ်နှင့် နောက်ဆုံးပတ်မှသာ ပြန် လည်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် အောက်တို ဘာ ၂ ရက်တွင် ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲအဖြစ် အင်တာမီလန်အသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်ရာ တိုက်စစ်ပိုင်းအခက်အခဲ ရင်ဆိုင်ရဖွယ်ရှိပြီး ဂရီးဇ်မန်းနှင့် ဆွာရက်ဇ် တို့ကိုသာ တွဲဖက်အသုံးပြုရဖွယ်ရှိနေသည်။
စက်တင်ဘာ ၂၈ ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲတွင်မူ ဂီတာဖေးအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရပြီး ယခုရာသီအတွက် ပထမဆုံး အဝေးကွင်းနိုင်ပွဲရရှိခဲ့သလို ဂိုးသမား စတီဂန်မှာလည်း အသင်းသမိုင်းတစ်လျှောက် ဂိုး ဖန်တီးမှုပြုလုပ်ပေးနိုင်သည့် ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ပထမပိုင်း ၄၁ မိနစ်တွင် ဂီတာဖေးအသင်း၏တန်ပြန်တိုက်စစ်ကို စတီဂန်က ၁၈ ကိုက်စည်းအပြင်ဘက်သို့ထွက်၍ ရှင်းထုတ်ပြီး ရှေ့သို့ကန်တင်ပေးရာ ဆွာရက်ဇ်က လူကျွံထောင်ချောက်ကို ကျော်ဖြတ်ကာ ဂိုးသမား၏ခေါင်းပေါ်မှကျော်၍ အဖွင့်ဂိုးအဖြစ် သွင်းယူခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
