ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက မိမိအသင်းအနေဖြင့် မက်ဒရစ်ဒါဘီပွဲ၌ အခွင့်အရေးဖန်တီးမှုပိုင်း အားနည်းခဲ့သော်လည်း အနိုင်ရသင့်ကြောင်း သုံးသပ်ပြောကြားသည်။
၂၂၂ ကြိမ်မြောက် (ပြိုင်ပွဲစုံ) မက်ဒရစ်ဒါဘီပွဲစဉ်အဖြစ် စက်တင်ဘာ ၂၈ ရက်က အက်သလက်တီကိုအသင်း၏ Wanda Metropolitano ကွင်း၌ ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေကျပြီး အမှတ်ပေးပွဲတွင် ၃၈ ပွဲမြောက်နှင့် ပြိုင်ပွဲစုံတွင် ၅၆ ပွဲမြောက် သရေရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ရီးယဲလ်အသင်းသည် အဝေးကွင်းကစားရသော်လည်း စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပြီး အက်သလက်တီကိုဂိုးပေါက်ကို ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်သော်လည်း ဂိုးသမား အိုဘလက်ခ်နှင့် နောက်ခံလူများ ရှင်းထုတ်နိုင်သောကြောင့် ဂိုးမရှိသရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
သို့ဖြစ်ရာ ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ဇီဒန်းက ''ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုကောင်းတဲ့ရလဒ်နဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုတော့ ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ နောက်ထပ် Clean Sheet တစ်ပွဲ ထပ်ရခဲ့ပါပြီ။ ဒါက ဆန္ဒပြင်းပြမှုတစ်ခုတည်းကြောင့်မဟုတ်ဘဲ တက်ကြွတဲ့ ခွန်အားကလည်း အရေးပါတဲ့အချက်ပါ။ ကြံ့ခိုင်သန်မာတဲ့ မက်ဒရစ်အသင်းကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အခွင့်အရေးတစ်ကြိမ်မှ မပေးခဲ့ရလို့ပါ။ ကျွန်တော်တို့အနေနဲ့ ဖန်တီးမှုပိုင်းမှာ အားနည်းချက်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အသင်းရဲ့စွမ်းဆောင်ရည်အတွက် ကျေနပ်ပါတယ်''ဟု သုံးသပ်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
