ချယ်လ်ဆီးအသင်းတောင်ပံကစားသမား ပူလီဆစ်က ပွဲကစားခွင့်မရသဖြင့် အလွန်စိတ်ပျက်နေကြောင်း ဝန်ခံပြောကြားသည်။
ပြီးခဲ့သည့် ဇန်နဝါရီကတည်းက အမေရိကန်ကစားသမားများအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၈ သန်းဖြင့် ဒေါ့မွန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားသူ ပူလီဆစ်သည် ယခုရာသီအစ လက်စတာ၊ နောဝစ်ချ်၊ ရှက်ဖီးယူနိုက်တက်အသင်းတို့နှင့်ပွဲများတွင် ပွဲထွက်အဖြစ် ပါဝင်ကစားခွင့်ရခဲ့သည်။
သို့သော် ၎င်းသည် ပြိုင်ပွဲစုံနောက်ဆုံးငါးပွဲတွင် League Two ကလပ် ဂရင်းစ်ဘီအသင်းနှင့်တစ်ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရပြီး ကျန်လေးပွဲတွင် အရန်စာရင်းပါဝင်သော်လည်း လူစားလဲအဖြစ်ပင် ကစားခွင့်မရသဖြင့် စိတ်ပျက်နေခြင်းဖြစ်သည်။
''ဟုတ်ပါတယ်။ ပွဲကစားခွင့်မရတာက တော်တော်စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမဲ့ အကောင်းဆုံးဆက်ပြီးကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ပွဲကစားခွင့်ရချင်လို့ပါ။ သူ (နည်းပြ လမ်းပတ်)ကလည်း သေချာကြိုးစားဖို့နဲ့ လေ့ကျင့်ရေးကွင်းမှာ အခုထက် ပိုတိုးတက်လာဖို့အတွက် ကြိုးစားဖို့ မှာထားပါတယ်''ဟု ၎င်းက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
