ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့နှင့် အနီးတဝိုက်ရှိ ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်နေသည့် ဒေသများသို့ ကယ်ဆယ်ရေးသွားရောက် ဆောင်ရွက်သူ ပရဟိတသမား (၂) ဦး ရေစီးနှင့်မျောပါကာ အသက်ဆုံးရှုံးခဲ့ရကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ (၁၅)ရက်က တောင်ငူမြို့ ရေကြီး၊ ရေလျှံမှုကြောင့် ပိတ်မိနေသည့် ဒေသခံများကို သွားရောက်ကယ်ဆယ်ရာမှ ရှင်ပေါလုအသင်းမှ Volunteer အမျိုးသား (၁)ဦးနှင့် စုံစမ်းဆဲ အမျိုးသား (၁)ဦးတို့ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ယနေ့ တောင်ငူရေဘေး ကယ်ဆယ်ရေးလုပ်နေရင်း ကယ်ဆယ်ရေး (၂)ဦး ေ-သဆုံးကြောင်း သိရသဖြင့် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ ကောင်းရာသုဂတိလားကြပါစေ။ ကျွန်တော်တို့ လူမိုက်ကြီးတွေ ကျတဲ့ မျက်ရည်ပေါ့။ လူချင်းမသိပေမယ့် မွန်မြတ်တဲ့ ပရဟိတစိတ်ထားနဲ့ အများအတွက် ကယ်ဆယ်ရေးမှာ အသက်ပေးသွားသူမို့ ရင်ထဲနာနာကျင်ကျင်ပါပဲဗျာ။ ဒီရေဘေးမှာ အသက်ပေးကယ်သွားတဲ့ ကယ်ဆယ်ရေးသမား (၂( ယောက်ရှိပါတယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်မြို့) ပရဟိတပါရမီ – Pyay Rescue ( ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း) ကဝမ်းနည်းစကားဆိုထားသည်။
ထို့ပြင် ၎င်းတို့ (၂)ဦး အသက်ဆုံရှုံးခဲ့ရမှု အပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ အသီးသီးမှလည်း ဝမ်းနည်းကြောင်း စကားများဆိုထားကြသည်။
နိုင်ငံတစ်ဝန်း ရေကြီး/ရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့် နေရာဒေသများသို့ ရန်ကုန်၊ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့အသီးသီးက မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးတွင် ယခု ပရဟိတသမား (၂)ဦး အသက်ဆုံးရှုံးမှုမှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
