စက်တင်ဘာ ၂၀ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပမည့် ONE Friday Fights 80 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သွေးသစ်ဝင်းလှိုင်၏တွဲဆိုင်း ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
သွေးသစ်ဝင်းလှိုင်သည် ONE Championship အဖွဲ့အစည်းနှင့် လက်တွဲပြီးနောက် ဒုတိယမြောက်ပွဲစဉ်အဖြစ် ဥဇဘက်ကစ္စတန် နိုင်ငံသား ကာကိုရော့ဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ သွေးသစ်ဝင်းလှိုင်နှင့် ထိုးသတ်မည့် ဥဇဘက်ကစ္စတန်ဖိုက်တာမှာမူ ONE Championship နှင့် လက်တွဲပြီးနောက် ပထမဆုံးပွဲ ထိုးသတ်ရခြင်းဖြစ်သည်။
သွေးသစ်ဝင်းလှိုင်သည် ပထမပွဲထိုးသတ်ပြီးနောက် သုံးလကျော်အကြာတွင် ဒုတိယပွဲထိုးသတ်ရခြင်းဖြစ်ပြီး ပထမပွဲအရေးနိမ့်ထားသဖြင့် ယခုပွဲတွင် အနိုင်ရရန် လိုအပ်နေသည်။ ယခု ပွဲအနိုင်ရမှသာ သွေးသစ်ဝင်းလှိုင်အနေဖြင့် လာမည့်ပွဲများတွင် ပိုမိုကောင်းမွန်သည့် ပြိုင် ဘက်များနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
သွေးသစ်ဝင်းလှိုင်သည် ဇွန် ၇ ရက်တွင် ပထမဆုံးပွဲအဖြစ် ထိုင်းဖိုက်တာ ခွန်ဆက်နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ သုံးချီပြည့်သည်အထိ အရှုံးအနိုင်မပေါ်ဘဲ အမှတ်ဖြင့် ဆုံးဖြတ်ရာ အရေးနိမ့်ခဲ့သည်။ သွေးသစ်ဝင်းလှိုင်သည် ယင်းပွဲတွင် လက်စွမ်းပြနိုင်ခြင်းမရှိဘဲ အလဲထိုးခံရခြင်းမရှိသော်လည်း အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် အသာမရဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
သောကြာညတွင်ကျင်းပသည့် ONE Friday Fights ပြိုင်ပွဲ၌ မြန်မာဖိုက်တာများ၏ တွဲဆိုင်းများ ဆက်တိုက်ပါဝင်လျက်ရှိသည်။ စက်တင်ဘာ ၂၇ ရက်တွင်ကျင်းပမည့် ONE Friday Fights 81 ပြိုင်ပွဲ၌ နာမည်ကြီး မြန်မာဖိုက်တာများဖြစ်သည့် စိုးလင်းဦးနှင့် သန့်ဇင်တို့၏တွဲဆိုင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
