မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာတွင်ကစားမည့် နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲအတွက် ယခုလနောက်ဆုံးပတ်တွင် စတင်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်ကုန်ပိုင်းယှဉ်ပြိုင်မည့် Asean Cup ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အောက်တိုဘာနှင့် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲစီ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာတွင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲအတွက် လက်ရှိကျင်းပနေသည့် ၂၀၂၄- ၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များ ပြီးဆုံးသည့် စက်တင်ဘာ (၂၃)ရက်နောက်ပိုင်း စတင်လေ့ကျင့်မည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲဖြစ်သည့် အင်ဒိုနီးရှားကလပ် မာကာဆာအသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်သောကြောင့် ယင်းအသင်းမှ ရွေးချယ်ခံရသည့် ကစားသမားများမှာမူ နောက်ကျမှ ပူးပေါင်းနိုင်မည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အောက်တိုဘာ (၁၁၊ ၁၄)ရက်တွင် ကစားမည်ဖြစ်ကာ ပြိုင်ဘက်အသင်းများနှင့် မကြာမီ အတည်ပြုမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင် အသင်းသည် အောက်တိုဘာတွင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲများအတွက် ပြင်ဆင်ချိန် (၁၀)ရက်ဝန်းကျင် ရရှိမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ဦးမျိုးလှိုင်ဝင်းသည် ၎င်း၏လက်ထောက်နည်းပြအဖွဲ့ဝင်များနှင့် ခြေစမ်းပွဲကစားမည့် ပဏာမကစားသမားစာရင်းကို လာမည့် ရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်ပြီး ကစားသမား (၂၅) ဦးမှ (၃၀)ကြား ရွေးချယ်ဖွယ်ရှိနေသည်။ ယခင်နိုင်ငံခြားသားနည်းပြများ ကိုင်တွယ်ရာတွင် ပြည်တွင်းလိဂ်၌ ခြေစွမ်း ပြနေသည့် ကစားသမားအချို့ ပါဝင်လာခြင်းမရှိသဖြင့် ဝေဖန်မှုများရှိခဲ့သော်လည်း အသစ်ခန့်အပ်လိုက်သည့် ဦးမျိုးလှိုင်ဝင်းသည် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်း ဖြစ်သော ရှမ်းယူနိုက်တက်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့သည့်အပြင် ပြည်တွင်းကလပ်များတွင် ကာလရှည်ကိုင်တွယ်ခဲ့သူဖြစ်သောကြောင့် သက်ဆိုင်ရာကလပ်အသင်း အသီးသီးတွင် ခြေစွမ်းပြနေသူများ ပါဝင်လာဖွယ်ရှိနေသည်။
အောက်တိုဘာတွင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းအတွက် ယခုနှစ်အတွင်း ကစားသည့် ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲဖြစ်သလို နည်းပြသစ် ဦးမျိုးလှိုင်ဝင်းအတွက်လည်း ပထမဆုံးကိုင်တွယ်ရမည့် နိုင်ငံတကာခြေစမ်းပွဲ ဖြစ်လာမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ တွင် နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲကစားပြီးပါက နိုဝင်ဘာ တွင် နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲ ထပ်မံကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ (၁၄)ရက်တွင် စင်ကာပူလက်ရွေးစင်အသင်း နှင့် အဝေးကွင်း၊ နိုဝင်ဘာ (၁၉)ရက်တွင် လက်ဘနွန်အသင်းနှင့် အိမ်ကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ (၄)ပွဲသာ ယှဉ်ပြိုင်ရသေးပြီး မတ်လတွင် နှစ်ပွဲ၊ ဇွန်လတွင် နှစ်ပွဲ ကစားခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
