လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က နော်တင်ဟမ်အသင်းနှင့်ပွဲအပြီးတွင် အဆင့် ၁၀ ပင်မဝင်သည့်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ခြင်းမှာ အလွန်စိတ်ပျက်စရာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ရာသီအဖွင့် သုံးပွဲတွင် ပေးဂိုးမရှိဘဲ အနိုင်ရထားသော်လည်း စက်တင်ဘာ ၁၄ ရက်က နော်တင်ဟမ် အသင်းအား အန်ဖီးလ်၌ကစားခဲ့သော်လည်း (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းပွဲမှာ ယခုရာသီအတွက် ပထမဆုံးရှုံးပွဲဖြစ်သလို နော်တင်ဟမ်အသင်းအား အန်ဖီးလ်ကွင်း၌ ရှုံးနိမ့်ခြင်းမှာ လီဗာပူးလ်အသင်းအတွက် ၁၉၆၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။
ထို့ကြောင့် အာနယ်ဆလော့က "ဒါက ကြီးမားတဲ့ ဆုတ်ယုတ်မှုပါပဲ။ အထူးသဖြင့် ဒီလိုအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်တာမျိုးပေါ့။ သူတို့က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ သွားနိုင်မလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ပုံမှန်အားဖြင့် ဒီအသင်းက အဆင့် ၁၀ အထက်မှာတောင် မရှိပါဘူး။ သူတို့က စနစ်တကျဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံ တကယ်ကောင်းပေမဲ့ ရှုံးနိမ့်တာက စိတ်ပျက်စရာကောင်းလွန်းပါတယ်" ဟု သုံးသပ်ပြောကြားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
