တောင်ကိုရီးယားစစ်တပ်က ထောက်လှမ်းရေးကင်မရာ တစ်ထောင်ကျော်ကို ဖယ်ရှားလိုက်သည်ဟု စက်တင်ဘာ ၁၃ ရက်တွင် တာဝန်ရှိသူကအေအက်ဖ်ပီကို ပြောကြားခဲ့သည်။
ယင်းသို့ဖယ်ရှားခဲ့သည့် ထောက်လှမ်းရေး ကင်မရာများထဲတွင် မြောက်ကိုရီးယားနယ်စပ်အနီးရှိ ကင်မရာအချို့ပါဝင်သည် ဟု ဆိုသည်။
အဆိုပါ ထောက်လှမ်းရေး ကင်မရာများသည် တရုတ်ထုတ် ကင်မရာများဖြစ်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် တောင်ကိုရီး ယားစစ်တပ်က ထောက်လှမ်းရေးကင်မရာ တစ်ထောင်ကျော်ကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးထူထပ်စွာ ချထားသော နယ်စပ်အပါအဝင် စစ်အခြေစိုက်စခန်းများတွင် တပ်ဆင်ထားသော ကင်မရာ ၁,၃၀၀ ဝန်းကျင်ကို ဖယ်ရှားခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ် တာဝန်ရှိသူက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
ပုံမှန်လုပ်ဆောင်နေကျ စစ်ဆေးမှုအတွင်း အဆိုပါကင်မရာများကို တရုတ်နိုင်ငံတွင် ထုတ်လုပ်သည်ဟု တွေ့ရှိ ခဲ့သည်ဆိုသော်လည်း ယင်းကင်မရာများကို ကိုရီးယားကုမ္ပဏီတစ်ခုက တင်ပို့ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်တပ်ထဲရောက်လာသည့် ပြည်ပပစ္စည်းကိရိယာများနှင့်ဆက်စပ်၍ လုံခြုံရေးအားနည်းမှုများကို ဖော်ထုတ်စဉ် ယခုကဲ့သို့ တွေ့ရှိခြင်းဖြစ်သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
