ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွင် အငှားယာဉ်မောင်းအား ဓားဖြင့်ထိုးကာ ယာဉ်အားလုယက်မှုဖြစ်ပွားပြီး ယာဉ်မောင်းသေဆုံးခဲ့မှု ဧပြီ ၂၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လုခံရတဲ့ Taxi ယာဉ်မောင်းက သေဆုံးသွားပါတယ်။ ကျွန်တော်တို့ သတင်းရတာ ၇ နာရီခွဲ လောက်မှာပါ။ ဒဂုံအရှေ့ ရာဇဓိရာဇ်လမ်းက EPC ရုံးရှေ့မှာဖြစ်တာပါ။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ Taxi သမားက ခေါင်းလည်း ရိုက်ခံထားရတယ်။ ဗိုက်တွေမှာလည်း ဓားနဲ့ထိုးခံထားရတယ်။ ကျောကုန်းမှာလည်း အထိုးခံထားရတယ်” ဟု ဒဂုံအရှေ့ ပရဟိတကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လုယက်ခံရသည့် အငှားယာဉ်မောင်းအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံရောက်ရှိသည့် အချိန်တွင် သေဆုံးသွားခဲ့ကြောင်း၊ လုခံရသည့် ယာဉ်အား ယနေ့ညပိုင်းတွင် ယင်းမြို့နယ်အတွင်း ပြန်လည်တွေ့ရှိခဲ့သော်လည်း ယာဉ်ကိုသာ ပြန်လည် တွေ့ရှိခဲ့ကြောင်း ဒဂုံအရှေ့ ပရဟိတကွန်ရက်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ ဆက်လက်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
