မတ္တရာမြို့တွင် ညမထွက်ရ အမိန့်ထုတ် ပြန်ချက်ဖောက်ဖျက်သူ လူသုံးဦးအား အလုပ်မဲ့ထောင်ဒဏ် တစ်လစီချ မှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဧပြီ ၂၃ ရက်က သတင်းရရှိသည်။
“အခု လက်ရှိ သုံးဦးထိ အရေးယူပြီးပါပြီ။ အခုက အကြောင်းမဲ့ထွက်တာပါ။ အရက်သေစာလည်း သောက်စားထားတယ်။ အဲလိုဖြစ်တာကြောင့် အရေးယူထားတာပါ။ အလုပ်မဲ့ထောင်ဒဏ်တစ်လစီ ချမှတ်ထားပါတယ်။ သတ်မှတ်ထားတာ ည ၁၀ နာရီကနေ နံနက် ၄ နာရီအတွင်းကို အပြင်မထွက်ရပါဘူး။ အကြောင်းမဲ့ ထွက်တယ်ဆိုရင် ဒေသန္တရအမိန့် မြို့နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့ အမိန့်ထုတ်ထားပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကနေ တရားလိုလုပ်ပြီးတော့ တရားရုံးကို ဦးတိုက်လျှောက်ပါတယ်” ဟု မြို့နယ်ရဲစခန်း (မတ္တရာ)မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ရဲတပ်ဖွဲ့ဝင်များနှင့် ရာအိမ်မှူးတို့သည် ဧပြီ ၂၂ ရက် နံနက်အစောပိုင်း ၁ နာရီခွဲ အချိန်က မတ္တရာမြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မတ္တရာမြို့၊ အမှတ် (၅) ဘုရင့်နောင်ရပ်ကွက်လမ်းမပေါ်တွင် အသက် ၃၈ နှစ်အရွယ် အမျိုးသား၊ စျေးရောင်းလုပ်ကိုင်သူ၊ အောင်မြေသာစံမြို့နယ်နေသူအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၂၁ ရက် ည ၁၁ နာရီခွဲအချိန်ကလည်း မတ္တရာမြို့၊ အမှတ် (၅) ဘုရင့်နောင် ရပ်ကွက်လမ်းမပေါ်တွင် အသက် ၃၂ နှစ် အရွယ် အမျိုးသား၊ တောင်သူလုပ်ကိုင်သူ၊ မတ္တရာမြို့နယ်၊ သာစည်ကျေးရွာနေသူနှင့် အသက် ၂၇ နှစ်အရွယ် အမျိုးသား၊ ရောင်းဝယ်လုပ်ကိုင်သူ၊ မတ္တရာမြို့၊ အမှတ်(၂) ဘုရင့်နောင်ရပ်ကွက်နေသူတို့အား တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်းတို့ သုံးဦးအား မြို့နယ်ထွေ/ အုပ်ရုံး၏ ညမထွက်ရ အမိန့်ထုတ်ပြန်ချက်အရ မြို့မရဲစခန်း(မတ္တရာ)သို့ ခေါ်ဆောင်လာခဲ့ပြီးနောက် မြို့မရဲစခန်း(မတ္တရာ)မှ (က)(ခ) ပုံစံဖြင့် မတ္တရာမြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ရာ တရားရုံးမှ ရာဇဝတ်ကြီးအမှုဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၁၈၈(၁) အရ အလုပ်မဲ့ထောင်ဒဏ် တစ်လစီချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး အတွင်း COVID- 19 ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ် ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန် အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရသည် အသွားအလာ ကန့်သတ်ပိတ်ပင် အမိန့်ကြေညာချက်များကို ဧပြီလ ၁၆ ရက် စွဲဖြင့် ည ၉ နာရီမှ နံနက် ၄ နာရီအတွင်း နေအိမ်ပြင်ပသို့ လုံလောက်သည့် အကြောင်းပြချက်မရှိဘဲ အပြင်မထွက်ရန် ထုတ်ပြန်ခဲ့ပြီးနောက် ဧပြီ ၁၈ ရက်တွင် နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအချိန်ထိ ပြင်ဆင်သတ်မှတ်ခဲ့ပြီး လိုက်နာခြင်းမရှိပါက တည် ဆဲဥပဒေအရ အရေးယူခြင်းခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
