မန္တလေးဘူတာကြီးမှ ထွက်ခွာပြေးဆွဲလျက်ရှိသော ရထားခရီးစဉ် အများအပြားအား သင်္ကြန်ပိတ်ရက်မတိုင်မီ အချိန်မှစ၍ ပြေးဆွဲမှုယာယီရပ်နားထားကာ လက်ရှိတွင် ရန်ကုန်- မန္တလေးနှင့် မန္တလေး- မြစ်ကြီးနား ရထားနှစ်စင်းသာ ထွက်ခွာပြေးဆွဲလျက်ရှိ ကြောင်း သိရသည်။
ရန်ကုန် - မန္တလေး ရထားခရီးစဉ်ပြေးဆွဲသည့်အတွက် ဧပြီ ၂၃ ရက်က မန္တလေး ဘူတာကြီးသို့ ဆိုက်ရောက်သည့်ရထားဖြင့် ဝင်လာသော ခရီးသည်များကို ကျန်းမာရေးဝန်ထမ်းများက မှတ်တမ်းယူခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ဒါက ကျန်းမာရေးစစ်ဆေးတာပါ။ ကျန်းမာရေးစစ်ဆေးတာတို့ သူတို့ရဲ့နေရပ် လိပ်စာယူတာတို့တွေ လုပ်တာပါ။ ကျန်းမာရေးဌာနက ကိုယ်တိုင်လာစစ်ဆေးပြီးတော့ ဒီမှာဖျားနာတာတွေ လက္ခဏာတွေ့မှသာ စောင့်ကြည့်အဖြစ် လုပ်သွားမှာပေါ့။ အခုရထားက နှစ်စင်းပဲပြေးပါတယ်။ ရန်ကုန်ရထားက ဒီမနက် ၁၀ နာရီလောက်မှာ ဆိုက်ရောက်တာပါ။ ဒါကလည်း ဝန်ထမ်းတွေ သွားဖို့လာဖို့နဲ့ ဒေသခံခရီးသည်တွေ သွားလာရေး အဆင်ပြေအောင်ပြေးဆွဲတာပါ” ဟု မန္တလေးဘူတာကြီးမှ ရုံပိုင်ချုပ်ကြီးက ပြောကြားသည်။
ဧပြီ ၂၃ ရက်တွင် မန္တလေးဘူတာကြီးသို့ဆိုက်ရောက်သည့် ရန်ကုန်ရထားတွင် ခရီးသည် ဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း၊ ရန်ကုန်ရထားခရီးစဉ်မှာ မန္တလေးဘူတာကြီးမှ ညနေ ၄ နာရီခွဲတွင် ထွက်ခွာကာ မြစ်ကြီးနားရထားမှာ ညနေ ၄ နာရီတွင် ထွက်ခွာပြေး ဆွဲလျက်ရှိကြောင်း သိရသည်။
COVID- 19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် မန္တလေးတိုင်းဒေသကြီး ပြင်ပရောဂါပိုး တွေ့ရှိမှုများသည့်ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိသူဖြစ်ပါက Facility Quarantine ၂၁ ရက် နှင့် Home Quarantine ခုနစ်ရက် ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး COVID- 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဧပြီ ၂၁ ရက်တွင် ထပ်မံညွှန်ကြား ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
