ဧရာဝတီတိုင်းတွင် Facility Quarantine နေရာများမှ သတ်မှတ်ရက်ပြည့်မီပြီးနောက် နေရပ်များသို့ပြန်သွားသူ ခုနစ်ထောင်ကျော်ရှိပြီး ပုသိမ်ဆေးရုံကြီးတွင် သံသယလူနာအဖြစ် အထည်ချုပ်စက်ရုံမှ ဝန်ထမ်းတစ်ဦးအား ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Facility Quarantine နေရာ ၄၀၈ ခုတွင် သတ်မှတ်ရက်ပြည့်သွားသောကြောင့် နေရပ်သို့ ပြန်သွားသူပေါင်း ၇၀၁၅ ဦးရှိကြောင်း၊ ဧပြီ ၂၃ရက်အထိ Facility Quarantine နေရာများတွင် ကျန်ရှိနေသူပေါင်းမှာ ၂၁၀၉ ဦးရှိကြောင်း၊ ပုသိမ်ခရိုင်ဆေးရုံကြီးတွင် ပုသိမ်အထည်ချုပ်စက်ရုံတစ်ရုံမှ ဝန်ထမ်းတစ်ဦးမှာ ချောင်းဆိုးနေသောကြောင့် သံသယလူနာအဖြစ် ထားရှိကုသပေးနေ လျက်ရှိကြောင်း၊ COVID- 19 ရောဂါဖြစ်ပွားသူများ တွေ့ရှိလာရပါက တိုင်းဒေသကြီးတွင် ကုသပေးနိုင်သည့်နေရာမှာ လက်ရှိအချိန်ထိ ပုသိမ်ဆေးရုံကြီးနှင့် ဟင်္သာတဆေးရုံကြီးသာရှိသေးပြီး လူနာ ၃၀ နီးပါးကို ကုသပေးနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
“ဒီနေ့ မနက် (ဧပြီ ၂၃ ရက်)တော့ သံသယလူနာတစ်ယောက်ရှိပါတယ်။ သံသယလူနာက အခုနာရီပိုင်းလေးပဲ ရှိပါသေးတယ်။ သူကတော့ အထည်ချုပ်စက်ရုံက ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံခြားသွားတဲ့ ခရီးသွားရာဇဝင်မရှိဘူး။ ဖျားလဲမဖျားဘူး။ ဒါပေမဲ့ သူက ချောင်းတော်တော်လေးဆိုးနေတယ်။ ချောင်းတော်တော်ဆိုးနေတော့ ကျွန်တော်တို့ကလက္ခဏာအရ B နဲ့ကိုက်တယ်ပေါ့နော်။ ဒါ့ကြောင့်သူ့ကို လည်ချောင်းတို့ဖတ်ယူဖို့ ဆောင်ရွက်ထားပါပြီ။ နေ့လည်လောက်မှာ သွားပို့ပါမယ်။ အဖြေကတော့ မနက်ဖန်လောက်သိရပါမယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးထဲမှာ COVID- 19 ရောဂါဖြစ်ပွားလာရင် ကုသပေးနိုင်တာ ပုသိမ်ဆေးရုံကြီးနဲ့ ဟင်္သာတဆေးရုံကြီးနှစ်ခုပဲ ရှိပါသေးတယ်။ ပုသိမ်ဆေးရုံကြီးမှာတော့ ၂၂ ယောက်ထိ ထားဖို့ရှိပြီးတော့ ဟင်္သာတကတော့ ခုနစ်ယောက်လောက်တော့ ထားနိုင်ပါလိမ့်မယ်။ နောက်ပိုင်းမှာ ခရိုင်ဆေးရုံကြီးတိုင်းကို ထားနိုင်အောင် ကြိုးစားနေပါတယ် ဟု ပုသိမ်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် မဟာသင်္ကြန်ရုံးပိတ်ရက်များအတွင်း တာဝန်ကျရာ မြို့များမှ နေရပ်များသို့ ပြန်သွားသည့် ဝန်ထမ်း ၅၀၀ ကျော်ကိုလည်း သက်ဆိုင်ရာ မြို့နယ်များအလိုက် Facility Quarantine နေရာများတွင် ထားရှိစောင့်ကြည့်နေလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
