COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ညွှန်ကြားချက်များကို ဧပြီ ၃၀ ရက်မှ မေ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့(ဧပြီ ၂၃ ရက်)ညနေပိုင်းတွင် ၎င်း၏ Facebook အကောင့်တွင် ရေးသားချက်အရ သိရသည်။
ထို့ပြင် ဧပြီ ၃၀ ရက်ထိ စောင့်ရန် ပန်ကြားထားသဖြင့် နယ်စပ်တွင် စောင့်နေကြသော အလုပ်သမား များစွာလည်း ပြန်လာရန်ရှိကြောင်း၊ ကိုယ့်ရပ် ကိုယ့်ရွာကို လုံခြုံစွာပြန်နိုင်ရန်အတွက် ကျန်းမာရေး အစီအစဉ်၊ quarantine အစီအစဉ်နှင့် ပို့ဆောင်ရေး အစီအစဉ်များ ချမှတ်နေကြောင်းနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။
“ကျွန်မတို့ပြည်သူတွေ စိတ်မောသွားကြပြီလား။ တာဝေးပြေးပွဲကြီး ဆိုတော့ ခံနိုင်ရည် မွေးရမှာပါပဲ။ ယခုထိ ဘယ်နိုင်ငံမှ COVID-19 ရောဂါ ပြဿနာကို အောင်နိုင်ပြီလို့ မပြောနိုင်သေးပါဘူး။ အချို့ နိုင်ငံတွေဆိုရင် ပထမလှိုင်း ကျသွားပြီးလို့ ဒုတိယလှိုင်း ထလာပြီလို့တောင် ဆိုပါတယ်။ မြန်မာနိုင်ငံမှာ COVID ပထမလှိုင်းကြီး တောင် မပြီးပြတ်သေးပါဘူး။ လှိုင်းထိပ်က ဘယ်လောက်ထိ မြင့်နိုင်မယ်ဆိုတာ မသိနိုင်သေးသလို၊ ဘယ်တော့ ပြန်ကျမယ် ဆိုတာလည်း မသိနိုင်သေးပါဘူး။ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံး အတွက်လည်း ပြင်ထားရတာပါ” ဟုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အတူ COVID တိုက်ပွဲကြီးတွင် အရေးပါသည့် ကဏ္ဍမှပါဝင်နေသော စေတနာ့ ဝန်ထမ်းများ၏ အင်အားများကို နိုင်ငံတော်အတွက် စနစ်တကျ သုံးနိုင်အောင်ဖွဲ့ရန်စီစဉ်နေကြောင်း ၎င်းက ဆလက်ရေးသားထားသည်။
"အဖွဲ့အတွက် ဆောင်ပုဒ်ကတော့ မေတ္တာ၊ စာဂ၊ ဝီရိယပါ။ နိုင်ငံအတွက် မေတ္တာ၊ စာဂ၊ ဝီရိယ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ရေးသားထားသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့(ဧပြီ ၂၃ ရက်) နံနက်ပိုင်က နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ ကော်မတီ အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူးများနှင့် ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဧပြီ ၃၀ ရက်အထိ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ထပ်မံကာလတိုးမြှင့်ရေး၊ စက်ရုံအလုပ်ရုံများ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်နိုင်ရေး အပါအဝင် အချက်ငါးချက် ဆွေးနွေးတင်ပြခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
