မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာမှ COVID- 19 ကူးစက်ကပ်ရောဂါ နှင့် ပတ်သက်ပြီး Positive လူနာဖြစ်ခဲ့သူ Case- 27 လူနာ၏ ဒုတိယအကြိမ်ဆေးစစ်ချက်တွင် Negative – 27 ဖြစ်သွားသည့် အတွက် ထပ်မံစစ်ဆေးအတည်ပြုနိုင်ရန် Swab နမူနာအား အမျိုးသားဓာတ်ခွဲဌာန (ရန်ကုန်) သို ့ထပ်မံပေးပို့ထားကြောင်း မွန်ပြည်နယ် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
“ကျိုက်မရောမြို့နယ်က Case- 27 လူနာရဲ ့ Swab နမူနာတွေကို ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်က ဒုတိယအကြိမ် အမျိုးသားဓာတ်ခွဲဌာန (ရန်ကုန်) ပေးပို့လိုက်ပါတယ်။ ပထမကြိမ်တုန်းကတော့ Positive ပေါ့။ ဒုတိယအကြိမ် ပို့လိုက်တဲ့အခါမှာ အဖြေက Negative ထွက်သွားတယ်။ Negative ထွက်သွားပြီဆိုတော့ သုံးရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မှာ သေချာအောင် Swab ပြန်ယူပြီးတော့ ဓာတ်ခွဲစစ်ဆေးဖို ့ရန်ကုန်ကို ပို့လိုက်ပါပြီ။ ဒီအဖြေကိုလည်း ထပ်မံစောင့်ကြည့်သွားရပါမယ်” ဟု မွန်ပြည်နယ်ပြည်သူ ကျန်းမာရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောကြားသည်။
၎င်းကဆက်လက်ပြီး “Case- 27 နှစ်ကြိမ်ဆိုရင်တော့ အခြေအနေတော်တော် ကောင်းသွားပြီလို့ ပြောလို့ရပါမယ်။ ထပ်မံဆေးစစ်ချက်အရ Negative ဆိုရင်လည်း လူနာကိုတော့ တစ်ပတ်၁ဝရက်လောက် ဆေးရုံမှာ ဆက်ထားပြီးတော့ ဆက်လက်စောင့်ကြည့်သွားမှာပါ” ဟု ပြောကြားသည်။
အဆိုပါ COVID- 19 ကူးစက်ကပ်ရောဂါနှင့်ပတ်သက်ပြီး Positive လူနာဖြစ်ခဲ့သူ Case- 27 နှင့် ထိတွေ့ခဲ့သူများအား နောက်ထပ်တစ်ကြိမ် ထပ်မံစစ်ဆေးသွားရန် Swab နမူနာများ ထပ်မံရယူသွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ် စစ်ဆေးစဉ်က အားလုံး Negative ဖြစ်ထားကြောင်းနှင့် ၎င်းတို့အားလုံးကို Facility Quarantine ၌ ထားရှိကာ စောင့်ကြည့်လျက်ရှိကြောင်း ဒေါက်တာထွန်းအောင်ကြည်က ဆက်လက်ပြောကြားသည်။
COVID- 19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက်ပြီး မွန်ပြည်နယ်မှ စောင့်ကြည့်လူနာ PUI ၇၆ Hospital Quarantine ၈၁ ဦး၊ CBFQ ၈၈ ဦး စုစုပေါင်း၂၄၅ ဦးတို့ ၏ ဓာတ်ခွဲနမူနာများအား အမျိုးသားဓာတ်ခွဲဌာန (ရန်ကုန်) သို ့ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေရရှိသူ ၂၂၄ ဦးအနက် ပိုးတွေ့လူနာတစ်ဦးသာရှိခဲ့ပြီး ကျန် ၂၂၃ ဦးမှာ ပိုးမတွေ့ရှိရကြောင်းနှင့် ဓာတ်ခွဲခန်းအဖြေစောင့်ဆိုင်းဆဲ ၂၁ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ထို့ပြင် မတ်လ ၂၉ ရက်မှ ဧပြီ ၂၂ ရက် အထိ စောင့်ကြည့်လူနာ PUI ၁၄ ဦး၊ Hospital Quarantine လေးဦး နှင့် CBFQ တစ်ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့၏ ဓာတ်ခွဲနမူနာများ စစ်ဆေးချက်အရ COVID- 19 ကူးစက်ကပ်ရောဂါပိုး မရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
