ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ညမထွက်ရအမိန့်အား လိုက်နာခြင်းမရှိသော အမျိုးသား ၂၂ ဦးအား ထောင်တစ်လစီ ပြစ် ဒဏ်ချမှတ်လိုက်ကြောင်း တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“ညက မိတဲ့အဖွဲ့ကတော့ တစ်လစီဖြစ် သွားတယ်။ ကိုယ်လည်းပြောပေးတာပဲ ပဲခူးတိုင်းအတွင်းမှာက တပြေးညီ တစ်လစီပဲ လုပ်တယ်ဆိုတော့ ဒီကကိုယ်တို့လည်း မလွန်ဆန်နိုင်ဘူး ဖြစ်တာပေါ့။ တရားရုံးကလည်း။ ကိုယ်တို့လည်း တတ်နိုင်သလောက်တော့ လုပ်ပေးတာပဲ”ဟု တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာအထောက်အကူပြု ဆောင်ရွက်နိုင်ရေးအတွက် တောင်ငူမြို့နယ် ဧရိယာနယ်နိမိတ်အတွင်းရှိ အများပြည်သူ အားလုံးအနေဖြင့် မည်သူမဆိုလုံလောက်သော အကြောင်းပြချက် မရှိဘဲ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီ အထိ ပြင်ပသို့လုံးဝ(လုံးဝ) ထွက်ခွာခြင်း မပြု ရန်၊ အချက် ငါးချက်အား တိကျစွာလိုက်နာဆောင်ရွက်ကြရန်နှင့် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ညမထွက်ရအမိန့်( အမိန့်အမှတ် ၁/၂၀၂၀) ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ ဧပြီ ၁၈ ရက်၌ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။
ထိုသို့ အမိန့်ထုတ်ပြန်ထားခဲ့သော်လည်း ဧပြီ ၂၂ ရက် ည ၁၁ နာရီခန့်၌ တောင်ငူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ သ ဘာဝဘေးအန္တရယ် တားဆီးကာကွယ်ရေး အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ တောင်ငူ မြို့ပေါ်ရပ်ကွက်၊ လမ်းများအတွင်း လိုက်လံ စစ်ဆေးဆောင်ရွက်ခဲ့ရာ အမျိုးသား ၂၂ ဦး တို့မှာ တောင်ငူမြို့ အမှတ် ၁၉ ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမဟောင်းပေါ် တွင် လုံလောက်သော အကြောင်းပြချက်မရှိ ဘဲ ည ၁၀ နာရီကျော်သည်အထိ သွားလာနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၃ ရက် နေ့လည်ပိုင်းတွင် တောင်ငူ မြို့နယ် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကွပ်ကဲမှုကော်မတီ တာဝန်ရှိသူများက အစည်းအဝေးထိုင်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တရားလိုလုပ်ကာ ဥပဒေအရအရေးယူပေးရန် တောင်ငူမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား ခဲ့ရာ မြို့နယ်တရားရုံးမှ ဒေသန္တရ အမိန့် ၁၄၄ ပါ ဥပဒေလုပ်ထုံးလုပ်နည်းအရ အဆိုပါအမျိုးသား ၂၂ ဦးအား ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
