စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တွင် COVID-19 ဧရိယာ ကန့်သတ်နယ်မြေအဖြစ် အပိတ်ခံရပြီးနောက် သမိုင်းဝင်ဖိုလ်ဝင်တောင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ မျောက်များ အစာရေစာအခက်ခဲဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
သမိုင်းဝင်ဖိုလ်ဝင်တောင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းသို့ COVID -19 အတည်ပြုလူနာ Case 8 (ဧည့်လမ်းညွှန်)အမျိုးသမီးသွားခဲ့သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ယင်းနေရာကို COVID-19ဧရိယာ ကန့်သတ်နယ်မြေအဖြစ် ပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
"အဓိကတော့ ဖိုလ်ဝင်တောင်မျောက်တွေက အစာရေစာအတွက် အခက်ခဲဖြစ်နေတယ်ကြားလို့ ကျွန်တော်တို့ မုံရွာမြို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းက အလှုရှင်တွေစုပေါင်းပြီးတော့ ဒီကမျောက်တွေအတွက် အစာရေစာ လာကျွေးတာပေါ့။ငှက်ပျောသီးတွေ၊မုန့်ကြွက်တွေ ကုလားပဲတွေ၊ ပြောင်းဖူးတွေ၊ ပြောင်းဆန်တွေကို ကျွေးခဲ့တယ်။ ဧပြီ ၂၄ ရက် (ဒီနေ့) အတွက်တော့ မျောက်တွေအတွက် အစာရေစာပြေလည်ပေမယ့် နောက်ရက်တွေအတွက် အစာရေစာ လိုအပ်နေသေးတယ်"ဟု မုံရွာမြို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဦးညိုဝင်းက ပြောကြားသည်။
လက်ရှိတွင် သမိုင်းဝင်ဖိုလ်ဝင်တောင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ဝိုက်ရှိ ကျေးရွာများမှ သွားလာသူများကို ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အဝင်ဂိတ်ပေါက်၌ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းစသည့်ကျန်းမာရေးစစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
သတင်း - ကောင်းခန့်လင်း(မုံရွာ)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
