အိမ်အကူအမျိုးသမီးအား အက်စစ်ဖြင့်ပက်သည်ဟုဆိုကာ ပုဒ်မ (၄)ခုဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်မင်းရာဇာကို ဧပြီ ၂၄ရက်တွင် တာမွေမြို့နယ်တရားရုံး၌ ချုပ်ရက်ရမန်ယူကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီနေ့ လုပ်ဆောင်ချက်ကတော့ ချုပ်ရက် ရမန်ပေးတယ်။ တရားမစွဲသေးဘူး။ ပုဒ်မ ၃၇၆ နဲ့ချုပ်မိန့်တောင်းထားတယ်။ သူ့မိန်းမ မပါဘူး။ မင်းရာဇာ တစ်ယောက်ထဲပဲ" ဟု တာမွေမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဝင်းဇော်ဦးက ပြောကြားသည်။
ထို့နောက်လာမည့် မေ ၈ ရက်အထိ အင်းစိန်ထောင်တွင် ချုပ်မိန့်ပေးလိုက်ကြောင်း တာမွေမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဝင်းဇော်ဦး၏ ပြောကြားချက်အရ သိရသည်။
ဧပြီ ၇ ရက် ညနေပိုင်းတွင် အိမ်အကူအမျိုးသမီး၏ မိခင်ဖြစ်သူက တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်ကြားချက်အရ သရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူနှင့်ယောက္ခမဖြစ်သူတို့သုံးဦးကို မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းတွင် ပုဒ်မ(၄)ခုဖြင့် အမှုဖွင့်ထားကြောင်း မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်လွင်က ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ တရားလိုဖြစ်သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်က Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သရုပ်ဆောင်မင်းရာဇာ၏ ဇနီးတင်ထားသည့် လူမှုရေးဖောက်ပြန်မှု အသံဖိုင်ကိုသိရသည့်အတွက် သမီးဖြစ်သူထံ သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့မေးမြန်းရာ ရွှေပေါက္ကံရှိနေအိမ်သို့သရုပ်ဆောင်မင်းရာဇာနှင့် ၎င်း၏ဇနီးတို့ရောက်ရှိလာပြီး ဘောင်းဘီချွတ်ကာ အက်စစ်ဖြင့်ပက်ခဲ့ကြောင်း၊လွန်ခဲ့သည့် နှစ်ရက်ခန့်ကလည်း မင်းရာဇာ၏ယောက္ခမဖြစ်သူက ဦးခေါင်းကိုတူဖြင့် ထုသည့်အတွက် သွေးထွက်ဒဏ်ရာများရရှိသည်ဟု ပြောကြားခြင်းကြောင့် ၎င်းကတရားလိုပြုလုပ်ကာအမှုဖွင့်တိုင်ကြားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရသိသည်။
အမှုနှင့်ပတ်သတ်ပြီး ဧပြီ ၈ ရက်က ရွှေပေါက္ကံရဲစခန်းသို့သွားရောက်မေးမြန်းရာတာဝန်ရှိသူများက ယင်းအမှုနှင့်ပတ်သတ်ပြီး မြောက်ဥက္ကလာပဆေးရုံကြီးတွင် ရဲလုပ်ငန်းစဉ်များ သွားရောက်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး ရွှေပေါက္ကံရဲစခန်းက သရုပ်ဆောင်မင်းရာဇာပါ သုံးဦးကို (ပ)၅၀၅၊ရာဇသတ်ကြီးပုဒ်မ-၃၂၄/၃၂၅/၃၅၄နှင့် ၁၁၄ စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားကာ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
