ဧပြီ ၂၄ ရက် နံနက် ၉ နာရီထုတ်ပြန်ချက်တွင် ထုတ်ပြန်ခဲ့သည့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) မှ စစ်ဆေးတွေ့ရှိသော COVID-19 လူနာသစ် ခုနစ်ဦးမှာ ရန်ကုန်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာ ကန့်သတ်ထားရှိ သူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ဆေးသုတေသန ဦးစီးဌာန (ရန်ကုန်) တို့သည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် စုစုပေါင်း (၃၂၉) ဦးတို့၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ စုစုပေါင်း (၁၂) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၃၁၇) ဦး တွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ (၂၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၁၃၉) ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅) ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၉) ဦး ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ လူနာများအား သက်ဆိုင်ရာ ဆေးရုံများတွင် ဆေးကုသမှုပေးလျက် ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
