တစ်နှစ်ခွဲကျော်ကြာပြီးနောက် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့ပြီဖြစ်သည် မွန်ညီညွတ်ရေးပါတီအနေဖြင့် ပါတီတွင်း စည်းလုံးရေးလုပ်ငန်းစဉ်များကို ဦးစားပေးပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ယမန်နေ့ စက်တင်ဘာ (၁၅)ရက်က ပြလုပ်ခဲ့သည့် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအတွင်း ထိုသို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် မွန်ညီညွတ်ရေးပါတီအနေဖြင့် တိုင်းရင်းသားပါတီများအပြင် ဒီမိုကရက်တစ် အင်အားစုနိုင်ငံရေးပါတီများဖြင့် မိတ်ဖွဲ့ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာသည်အထိ လက်တွဲဆောင်ရွက်သွားရန်လည်းဆုံးဖြတ်ချက်ထားကြောင်း ၎င်းက ဆိုသည်။
” ကျွန်တော်တို့ ပါတီမှတ်ပုံတင်ခွင့်ကျပြီးနောက်မှာ ပါတီတည်ဆောက်ရေး လုပ်ငန်းတွေပြန်ပြီးလုပ်ဖို့ရှိတယ်။ နောက်ပါတီဝင်တွေကို အောက်ခြေအဆင့်အထိ သေချာ ပြန်လည်စိစစ်ဖို့ပေါ့။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီအားလုံး တိုင်းရင်းသားပါတီတွေရော ဒီမိုကရက်တစ်ပါတီတွေရော ပူးပေါင်းပြီးလုပ် ဆောင်သွားဖို့ပေါ့။ အဓိက ကတော့ ပါတီတွင်း အခြေအနေတွေပေါ် ပြန်သုံးသပ်တာပေါ့။ တစ်နှစ်ခွဲကျော်ကြာသွားတော့ ပါတီဝင်အားလုံး ကွဲကုန်တော့ ပြန်စုစည်းမှာပေါ့”ဟု ၎င်းက ရှင်းပြသည်။
မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်ခွင့်ခြင်းကို ယမန်နှစ် မတ်လ (၁၅)ရက်တွင်ဆောင်ရွက်ခဲ့ကြပြီး တစ်နှစ်ခွဲကျော်အကြာ ယခုလ စက်တင်ဘာ (၉)ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၉)နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ပါတီအနေဖြင့် မွန်ပြည်နယ်တစ်ဝန်း မဲဆန္ဒနယ်များအားလုံးကို ကိုယ်စားပြုထားပြီး ပါတီမှတ်ပုံတင်အမှတ်မှာ (၅၂) ဖြစ်သည်။
ပါတီရုံးချုပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ (၁၉) လမ်း၊ အိမ်အမှတ် (၁၆) တွင် ဖွင့်လှစ်ထားပြီး၊ လက်ရှိ UEC ၌ ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ (၅၂) ပါတီရှိလာပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
