ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကလောမြို့တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် အိမ်ခြေ (၁၀၀၀) ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း လူမှုကူညီရေး အဖွဲ့များထံမှ သိရသည်။
စက်တင်ဘာလ (၁၁) ရက်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေချောင်း ရေလျှံမှုဖြစ်ပွားခဲ့သည့်အပြင် တောင်ကျရေများကြောင့် ကလောမြို့တွင် အဆိုးရွားဆုံးရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
လတ်တလောကောက်ယူရရှိသည့် စာရင်းများအရ ကလောမြို့တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကြောင့် ပြိုပျက်သွားသည့် အိမ်ခြေ (၂၅၀) ကျော် ရှိပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အိမ်ခြေ (၆၇၀) ကျော် ရှိကြောင်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့ဖြစ်သည့် နမ့်လတ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ အသိပေးထားသည်။
လက်ရှိတွင် ကလောမြို့၌ ရေပြန်ကျသွားပြီး ဖြစ်ပြီး အပျက်အစီးများနှင့် ရွံ့နွံ ၊ အမှိုက်များကို ဒေသခံများနှင့် ပရဟိတအဖွဲ့များ ဝိုင်းဝန်းရှင်းလင်းနေကြရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်ယူလုပ်ဆောင်ရမည့် အခြေအနေဖြစ်ကြောင်း သိရသည်။
ကလောမြို့သည် တောင်ပေါ်ဒေသဖြစ်သည့်အပြင် ယခုကဲ့သို့ ရေကြီးရေလျှံမှုကို အတွေ့အကြုံမရှိသည့်အတွက် အဆိုးရွားဆုံး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ကလောမြို့ ရေကြီးရေလျှံမှုဖြစ်စဉ်နှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ထိခိုက်ေ-သဆုံးမှုများလည်း ရှိခဲ့ပြီး စာရင်းအတိအတိမသိရသေးနိုင်ကြောင်း ဒေသခံများက ဆိုကြသည်။
လက်ရှိတွင် ရေဘေးသင့် ပြည်သူများအနေဖြင့် ရေဘေးရှောင်စခန်းများတွင် စုပေါင်းနေထိုင်နေကြရပြီး အဝတ်အထည်၊ အိပ်ယာ ၊ စောင် ၊ ခေါင်းဦး၊ ဆေးဝါးနှင့် ချက်ပြုတ်စားသောက်ရန် အိုးခွက် ပန်းကန်များ လိုအပ်နေကြောင်း ဒေသတွင်း ပရဟိတအသင်း အဖွဲ့များထံမှ သိရသည်။
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးဒေသ၌လည်း ကျေးရွာပေါင်း (၁၇၀) ကျော် ရေဝင်နစ်မြုပ်နေပြီး ဒေသခံပြည်သူများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ဓာတ်ပုံ – Vintage Taunggyi









-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
