အာဆင်နယ်အသင်းသည် နည်းပြအာတီတာလက်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အဝေးကွင်း (၆)ပွဲဆက် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးအဝေးကွင်း(၁၁)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် စပါးနှင့်ပွဲတွင် အဝေးကွင်း၌ (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်း၏ နည်းပြ အာတီတာသည် ၂၀၁၉ ဒီဇင်ဘာတွင် အသင်းနှင့် စတင်လက်တွဲခဲ့ပြီး ရာသီအပြည့်ဖြတ်သန်းမှု (၄)ရာသီရှိခဲ့ပြီးဖြစ်သော်လည်း ယခင်က အဝေးကွင်း၌ အများဆုံး(၅)ပွဲဆက်အထိ အနိုင်ရရှိအောင်သာ စွမ်းဆောင်နိုင်ခဲ့သည်။
၂၀၂၁-၂၂ ရာသီတွင် လိဒ်စ်၊ နောဝစ်ချ်၊ ဝုလ်ဗ်၊ ဝက်ဖို့ဒ်နှင့် အက်စတွန်ဗီလာတို့ကို (၅)ပွဲဆက်အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယခုအခါ ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် နောက်ဆုံးအဝေးကွင်း(၄)ပွဲဆက် အနိုင်ရခဲ့ပြီး ယခု ၂၀၂၄-၂၅ ရာသီ၌ အဝေးကွင်း(၂)ပွဲဆက် အနိုင်ရခဲ့သည့်အတွက် အာတီတာလက်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အဝေးကွင်း(၆)ပွဲဆက် အနိုင်ရသည့်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာတီတာသည် ပြီးခဲ့သည့်ရာသီ၌ ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး(၄)ပွဲတွင် ဘရိုက်တန်၊ ဝုလ်ဗ်၊ စပါး၊ မန်ယူတို့ကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ယခုရာသီတွင် အက်စတွန်ဗီလာနှင့် စပါးတို့ကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အာဆင်နယ်အသင်းအနေဖြင့် ယခုကဲ့သို့ ပရီးမီးယားလိဂ်၌ အဝေးကွင်း(၆)ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမှာ ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးလက်ထက် ၂၀၁၃ ခုနှစ်က (၈)ပွဲဆက် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း အများဆုံးအဝေးကွင်းနိုင်ပွဲဆက် အရေအတွက်ဖြစ်ကြောင်းလည်း သိရသည်။
အာစင်ဝင်းဂါးသည် ၂၀၁၂-၁၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နောက်ဆုံးအဝေးကွင်း(၅)ပွဲတွင် ဆွမ်ဆီး၊ ဝက်စ်ဘရွန်း၊ ဖူလ်ဟမ်၊ QPR နှင့် နယူးကာဆယ်တို့ကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ၂၀၁၃-၁၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ရာသီအဖွင့်အဝေးကွင်း(၃)ပွဲတွင် ဖူလ်ဟမ်၊ ဆန်းဒါးလန်းနှင့် ဆွမ်ဆီးတို့ကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ခြင်းဖြစ်သည်။
ယခုအခါ အာတီတာအနေဖြင့် အာစင်ဝင်းဂါး၏စံချိန်ကို လိုက်မီရန် (၂)ပွဲသာ လိုတော့သော်လည်း လာမည့်ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်၌ ရင်ဆိုင်ရမည့်အသင်းမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဖြစ်နေသောကြောင့် အလားအလာနည်းပါးနေပြီး အဝေးကွင်း၌ ရှုံးပွဲမရှိရန်သာ ကြိုးပမ်းရဖွယ်ရှိနေသည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက ဖူလ်ဟမ်အသင်းကို အဝေးကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ (၁၁)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားရာ၌ (၁၀)ပွဲအထိ အနိုင်ရရှိခဲ့ပြီး သရေကျခဲ့သည့်ပွဲမှာ မန်စီးတီးနှင့်ပွဲဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် အသင်းခေါင်းဆောင် အော်ဒီဂွါနှင့် ဒက်ကလန်ရိုက်စ်တို့ မပါဝင်နိုင်ခြင်းကြောင့် စပါးနှင့်ပွဲတွင် ရုန်းကန်ခဲ့ရသော်လည်း အဝေးကွင်း၌ နိုင်ပွဲဆက်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးနှင့်ပွဲတွင်မူ ဒက်ကလန်ရိုက်စ် ပြန်ကစားနိုင် မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
