ကလောမြို့ပေါ်တွင် ရေဘေးကြောင့် ၁၃ ဦးသေဆုံးပြီး လေးထောင်ကျော် ရေဘေးသင့်ကာ အိမ်အလုံးရေ ၈၀၀ ကျော် ပျက်စီးခဲ့ရသည်ဟု ကလောမြို့ ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကလောမြို့တွင် ရေဘေးသင့်အဆိုးဝါးဆုံးထိခိုက်ခဲ့သည့် နေရာမှာ ရပ်ကွက် ၂၊ ၃၊ ၄ ဖြစ်သည်။
“မြို့ရဲ့အနေအထားအရဆိုရင် ရပ်ကွက် ၃ က ထိခိုက်မှုအများဆုံးပဲ။ အဲ့ဒီရပ်ကွက်က ရေကိုထိပ်ဆုံးကနေ ခံရတာ။ ရေကဝင်ဆောင့်တော့ အဲ့ဒီမှာ အိမ်တွေကျွတ်ပါကုန်တယ်။ ရပ်ကွက် ၄ က မြို့လယ်ခေါင်လောက် ဖြစ်သွားတယ်။ ပြီးတော့ ရပ်ကွက် ၂ ပေါ့” ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။
စက်တင်ဘာ ၁၆ ရက်အထိ ရရှိထားသည့် စာရင်းများအရ သေဆုံးသူ ၁၃ ဦးရှိပြီး လူ ၄၀၉၇ ဦး ရေဘေးသင့်ခဲ့ကာ အိမ်အလုံးရေ ၈၁၂ လုံး ပျက်စီးခဲ့သည်။
“အိမ်ကျွတ်ပြီး ပါသွားတာ။ ဘယ်လိုမှ နေထိုင်လို့မရတော့ အိမ်မျိုးက ၂၃၄ လုံးရှိတယ်။ ရေထိလို့ ပျက်စီးသွားတာက ၅၇၈ လုံးရှိတယ်။ အဲ့ဒါကကျတော့ ပြန်နေလို့ရတယ်။ သန့်ရှင်းရေးပြန်လုပ်၊ ပြန်ပြင်လိုက်ရင် နေလို့ရတဲ့ အိမ်မျိုးပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါစာရင်းများမှာ ကလောမြို့ပေါ်၏ အထိအခိုက်ပျက်စီးမှုများဖြစ်ပြီး ကလောမြို့ ပတ်ဝန်းကျင်ကျေးရွာများ၏ စာရင်းများ မရရှိသေးကြောင်း၊ ယင်းနေရာများကို ဆက်သွယ်ရန် မလွယ်ကူသေးသဖြင့် မသိရှိရသေးကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားသည်။
လတ်တလောတွင် ကလောမြို့ ရေဘေးသင့်ပြည်သူများအတွက် အဝတ်အထည်၊ စောင်၊ ခြင်ထောင်နှင့် ဒန်အိုးဒန်ခွက်၊ ပန်းကန်များ လိုအပ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
