စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း ပဲခူးတိုင်းရှိ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်းနှင့် ဖြူးမြို့နယ်များ၌ ရေဘေးသင့်သူ ၈၇၀၀၀ ကျော်ရှိပြီး ယာယီရေဘေးရှောင်စခန်း ၁၀၀ ဖွင့်လှစ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်များရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၃ စုမှ အိမ်ထောင်စု ၂၀၀၀၀ ကျော်၊ လူဦးရေ ၈၇၀၀၀ ကျော် ရေဘေးသင့်လျက်ရှိပြီး ယာယီရေဘေးရှောင်စခန်း ၁၀၀ နှင့် ဆွေမျိုးများ နေအိမ်များသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ အသက်အန္တရာယ် ထိခိုက်သူမရှိကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရတို့က နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပံ့ပိုးကူညီလျက်ရှိကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ငူခရိုင် သဘာဝဘေးကွပ်ကဲမှုရုံး ဖွင့်လှစ်ထားသည့် သာသနာ့ဗိမာန်၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းလူမှုကူညီရေးအသင်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ ညွှန်ကြားချက်များကို ထပ်ဆင့်အသိပေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေဆံတော်ဘုရား အောင်မင်္ဂလာခန်းမတို့၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ရေဘေးသင့်ပြည်သူများ၏ အခြေခံလိုအပ်ချက်ကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သဘာဝဘေးလျော့ပါးရေးအတွက် ပြည်သူများအနေဖြင့် သဘာဝဘေးနှင့်ဆက်နွှယ်သည့် အသိပညာများ ပြည့်စုံရန်လိုအပ်သဖြင့် အချင်းချင်း လက်ဆင့်ကမ်းပြောကြားကြစေလိုကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် စုပေါင်းညီညာစွာဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့မှုအတိုင်း ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေဘေးရှောင်စခန်းများဖွင့်လှစ်၍ နေ့စဉ်စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် စီစဉ်ဆောက်ရွက်ပေးနေမှုများကို ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
