မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင် ရွှေဆိုင်ပိုင်ရှင် နေအိမ်အား ဓားပြတိုက်ခဲ့သူ ခုနှစ်ဦးအနက် ခြောက်ဦးကို ရွှေ (၁၀) ပိဿာကျော်၊ ကျပ်သိန်း ၁ဝဝဝ ခန့်ု့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၁ လမ်းနှင့် ၁၀၁(B)လမ်းထောင့်နေ ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးရွှေဝင်းသည် ၎င်းဖွင့်လှစ်ထားသည့် မန္တလေးမြို့အတွင်းရှိ ချောင်ချောင် ရွှေဆိုင်သုံးဆိုင်သို့ သွားရောက်ရန် ရွှေထည်ပစ္စည်းများနှင့် ငွေသားများအား ကားပေါ်သို့ တင်နေစဉ် ADVAN အမျိုးအစားမော်တော်ယာဉ်ဖြင့် အမျိုးသား (၇) ဦးက သေနတ်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး ရွှေ (၁၀)ပိဿာကျော်နှင့် ကျပ်သိန်း (၁၀၀၀)ခန့်တို့အား ဓားပြတိုက်လုယက်ဆောင်ယူဆောင်ထွက်ပြေးသွားကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၄ ရက် ည ၉ နာရီခွဲတွင် ဓားပြတိုက် လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကွက်နေ ခင်မောင်စိုးအား ချမ်းအေးသာစံမြို့နယ်၊ ရွှေပြည်သာဟော်တယ်ရှေ့၊ လမ်း(၃၀) မြို့ပတ်လမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်မှုကျူးလွန်ရာတွင် ၎င်းအပါအဝင် နိုင်မင်းဝေ(ခ)ကုလား(ခ)ကျော်ကြီး၊ ကျော်စိုးမင်းထွန်း(ခ) ညီညီစိုး၊ ဇင်ကိုကိုကျော် (ခ)ကရင်ကြီး၊ အောင်ဇော်ထွန်း(ခ)အငယ်ကောင်၊ လှိုင်းထက်အောင်(ခ)တောဝက်(ခ) ဝက်ကလေးနှင့် ချမ်းသာ(ခ)ရွှန်းထက်မောင်တို့(၇) ဦးက ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။
ဖမ်းဆီးရမိထားသည့် ခင်မောင်စိုး၏ထွက်ဆိုချက်အရ စက်တင်ဘာ ၁၄ ရက် ည ၁၁ နာရီခွဲတွင် ကသာမြို့နယ်၊ သံပုရာကုန်းကျေးရွာနေ နိုင်မင်းဝေ(ခ)ကုလား(ခ)ကျော်ကြီး၊ ပန်းတောင်းမြို့နယ်၊ ကျားအိုကျေးရွာနေ ကျော်စိုးမင်းထွန်း(ခ)ညီညီစိုးနှင့် မိတ္ထီလာမြို့နယ်၊ ကျောက်ဖြူကုန်းကျေးရွာနေ ဇင်ကိုကိုကျော်(ခ)ကရင်ကြီးတို့ သုံးဦးအား ချမ်းအေးသာစံမြို့နယ်၊ က ဉ္စနမဟီရပ်ကွက်ရှိ GTM ဟိုတယ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့် ဓားပြတိုက်လုယက်ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းအချို့အား ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာနေ တရားခံ အောင်ဇော်ထွန်း(ခ)အငယ်ကောင်၏နေအိမ်၌ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် စက်တင်ဘာလ ၁၄ ရက် ည ၁၂ နာရီခွဲအချိန်တွင် သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ အောင်ဇော်ထွန်း(ခ)အငယ်ကောင်အား မီးခံသေတ္တာအတွင်း ထည့်ထားသည့် သက်သေခံ ရွှေထည်ပစ္စည်းများနှင့် နေအိမ်ခြံဝင်းအတွင်းမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာလ ၁၅ ရက် နံနက် ၂ နာရီတွင် ခင်မောင်စိုး၏နေအိမ်မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Glock အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ Kimber Custom အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ကျည် ၁၄ တောင့်နှင့် သက်သေခံ ရွှေထည်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာနေ တရားခံ လှိုင်းထက်အောင်(ခ)တောဝက်(ခ) ဝက်ကလေးအား ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်တိုးဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ ခင်မောင်စိုး ပါ (၆)ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန် ချမ်းသာ(ခ)ရွှန်းထက်မောင်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
