ပြင်သစ်အသင်း၏ နောက်ခံလူ သီယိုဟာနန်ဒက်ဇ်က မိမိတို့အနေဖြင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ကြောက်ရွံ့ခြင်းမရှိဟု ပြောကြားခဲ့သည်။
အာဂျင်တီးနားနှင့် ပြင်သစ်အသင်းသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ဒီဇင်ဘာ (၁၈)ရက်တွင် Lusail Stadium ၌ ကစားမည်ဖြစ်သည်။
အဆိုပါပွဲစဉ်မတိုင်မီ သီယိုဟာနန်ဒက်ဇ်က အာဂျင်တီးနားအသင်းမှ ကမ္ဘာကျော်တိုက်စစ်မှူး မက်ဆီကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သီယိုဟာနန်ဒက်ဇ်က "ကျွန်တော်တို့ မက်ဆီကို မကြောက်ပါဘူး။ ဒါပေမဲ့ အာဂျင်တီးနားက အသင်းကောင်းတစ်သင်းဆိုတာကိုတော့ သိထားပါတယ်။ အခု ကျွန်တော်တို့ ဗိုလ်လုပွဲအကြောင်းပဲ တွေးရမှာပါ။ ဘယ်လို အကောင်းဆုံးဖြစ်အောင် လုပ်မလဲဆိုတာပဲ တွေးရမှာပါ"ဟု ပြောကြားခဲ့သည်။
သီယိုဟာနန်ဒက်ဇ်သည် အစ်ကိုဖြစ်သူ လူးကပ်စ်ဟာနန်ဒက်ဇ် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ပြင်သစ်အသင်းတွင် ပွဲထွက်ကစားခွင့်ရနေသူဖြစ်ပြီး မော်ရိုကိုအား (၂-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သူလည်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
