■ အမျိုးသမီးကမ္ဘာ့ဖလားတွင် ကစားသမား (၂၃)ဦးသာ ခွင့်ပြုမည်
24htopnews | September 16, 2024 5:13 PM CST
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)သည် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ (၂၃)ဦးသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
FIFA သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းတစ်သင်းလျှင် ကစားသမား(၂၆)ဦးအထိ ရွေးချယ်ဖွဲ့စည်းခွင့်ပြုခဲ့သော်လည်း အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ ပုံမှန်အတိုင်း (၂၃)ဦးသာ ခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်နှင့် ဂျာမနီအမျိုးသမီးအသင်းနည်းပြများက အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲနည်းတူ ကစားသမား(၂၆)ဦး ခေါ်ယူခွင့်ပြုရန် တောင်းဆိုမှုကို ဖီဖာက ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်များအဖြစ် ၂၀၂၃ ခုနှစ် ဇူလိုင်(၂၀)မှ သြဂုတ်(၂၀)အထိ လက်ခံကျင်းပသွားမည်ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
