ပြင်သစ်နိုင်ငံ၏ သမ္မတဖြစ်သူ အီမန်နူရယ်မက်ခရွန်သည် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲအပြီးတွင် မော်ရိုကိုအသင်း၏ အဝတ်လဲခန်းအထိ သွားရောက်ကာ မော်ရိုကိုအသင်း၏ ကစားပုံအတွက် ချီးကျူးဂုဏ်ပြုမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မော်ရိုကိုအသင်းသည် အာဖရိကအသင်းများအနက် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံး တက်ရောက်နိုင်သည့် အသင်းနှင့် အာရပ်နိုင်ငံများအနက်လည်း ပထမဆုံး ဆီမီးဖိုင်နယ်ရောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
သို့သော် မော်ရိုကိုအသင်းသည် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင်မူ လက်ရှိချန်ပီယံ ပြင်သစ်အသင်းအား နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပြင်သစ်သမ္မတ မက်ခရွန်သည် ပွဲအပြီးတွင် မော်ရိုကိုအသင်း၏ အဝတ်လဲခန်းသို့သွားရောက်၍ ချီးကျူး ဂုဏ်ပြုခဲ့ပြီး ကွင်းလယ်လူ အမ်ရာဘတ်မှာလည်း ယခုပြိုင်ပွဲ၏ အကောင်းဆုံးကွင်းလယ်လူဖြစ်ကြောင်း ချီးမွမ်းခဲ့သည်။
ထို့နောက် မက်ခရွန်သည် ပြင်သစ်အသင်း၏ အဝတ်လဲခန်းအတွင်း နည်းပြ ဒေးရွှမ့်အပါအဝင် ကစားသမားများနှင့်အတူ အောင်ပွဲခံခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
