ပြင်သစ်အသင်း၌ အဖျားဝေဒနာ ခံစားရသူများရှိနေပြီး ဗိုလ်လုပွဲမတိုင်မီ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ပြင်ဆင်နေကြောင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့သူနှစ်ဦးဖြစ်သည့် နောက်ခံလူ အူပါမယ်ကာနိုနှင့် ကွင်းလယ်လူ ရာဘီယူတို့ ပြန်ကစားနိုင်ရန် မျှော်လင့်နေ ကြောင်း အသင်းနည်းပြ ဒေးရွှမ့်က ပြောကြားခဲ့သည်။
အူပါမယ်ကာနိုနှင့် ရာဘီယူတို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အဖျားဝေဒနာခံစားခဲ့ရပြီး မော်ရိုကိုအသင်းနှင့် ဆီမီးဖိုင်နယ်ပွဲကို လွဲချော်ခဲ့သည်။ အူပါမယ်ကာနိုသည် ယင်းပွဲမတိုင်မီ အင်္ဂါနေ့တွင် လေ့ကျင့်မှုပြန်လည် ပြုလုပ်နိုင်ပြီး အရန်စာရင်း၌ ပါဝင်ခဲ့သော်လည်း ရာဘီယူမှာမူ ဟိုတယ်၌သာ ကျန်နေရစ်ခဲ့ရသည်။ ထို့ပြင် တောင်ပံကစားသမား ကိုးမန်းမှာလည်း ပြင်းထန်သည့် အဖျားဝေဒနာခံစားခဲ့ရကြောင်း သိရသည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ ဒေးရွှမ့်က "ဒိုဟာမှာ အပူချိန်က နည်းနည်းကျလာပါပြီ။ လေအေးပေးစက်တွေက တစ်ချိန်လုံးရှိနေတာပါ။ ကျွန်တော်တို့ဆီမှာ တုပ်ကွေးလက္ခဏာနဲ့တူတဲ့ ကိစ္စတချို့ ရှိခဲ့ပါတယ်။ ထပ်ပြီးမပြန့်ပွားစေဖို့ ကျွန်တော်တို့ သတိထားပြီးလုပ်ဆောင်နေပါတယ်။ ကစားသမားတွေက ကွင်းထဲမှာ ပြင်းပြင်းထန်ထန် အားထုတ်မှုတွေလုပ်ခဲ့ရတော့ သူတို့ရဲ့ ကိုယ်ခံအားစနစ်တွေက ထိခိုက်နေတယ်ဆိုတာ သေချာပါတယ်။ ဒါယွတ်အူပါမယ်ကာနိုက အင်္ဂလန်နဲ့ပွဲပြီးပြီးချင်းမှာပဲ အဖျားဝေဒနာ ခံစားခဲ့ရတာပါ။ ဒီလို အားထုတ်မှုတွေကြောင့် အခုလိုဖြစ်ရတာပါ။ ခင်ဗျားရဲ့ခန္ဓာကိုယ်က အားနည်းလာတဲ့အခါ ဒီလိုဗိုင်းရပ်စ်တွေ ကူးစက်ခံရဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။ ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေအားလုံး လုပ်နေပါတယ်။ ထပ်ပြီးပြန့်ပွားမှုမရှိစေဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ဆိုတာက ကူးစက်တတ်ပါတယ်။ အဲဒီလို မဖြစ်စေဖို့ ကျွန်တော်တို့ ကြိုတင်ကာကွယ်ရပါမယ်။ အက်ဒရီယန်(ရာဘီယူ)ကို တခြားသူတွေနဲ့ ကျွန်တော်တို့ ခွဲထားပါတယ်။ ဗိုလ်လုပွဲမှာတော့ သူတို့ ပြန်ကစားနိုင်မယ်လို့ ထင်ပါတယ်"ဟု မော်ရိုကိုအသင်းနှင့် ဆီမီးဖိုင်နယ်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ကာတာနိုင်ငံသို့ လာရောက်လည်ပတ်သူအများစု မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကြောင့် ရုန်းကန်နေရပြီး အဆိုပါလက္ခဏာများမှာ တုပ်ကွေးကဲ့သို့ ပြင်းထန်သည့် အဖျားဝေဒနာခံစားရနိုင်ကြောင်း သိရသည်။
ထို့ပြင် နာမည်ကြီး အမေရိကန်ဘော လုံးဂျာနယ်လစ်ဖြစ်သူ ဂရန့်ဝါးလ် (၄၉ နှစ်)မှာ ဒီဇင်ဘာ (၁၀)ရက်က ကာတာနိုင်ငံ Lusail မြို့၌ ကွယ်လွန်သွားခဲ့သည်။ ၎င်းအနေဖြင့် ရင်ဘတ်နှင့် ခန္ဓာကိုယ်မှတစ်ဆင့် နှလုံးမှသွေးများကို သယ်ဆောင်ပေးသည့် သွေးလွှတ်ကြော ပူဖောင်းကဲ့သို့ဖြစ်သွားသည့်ဝေဒနာကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
