■ အမ်ရာဘတ်အား ခေါ်ယူရန် အာဆင်နယ်အသင်းကို ရေးပါလာ တိုက်တွန်း
24htopnews | September 16, 2024 5:13 PM CST
အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမားဟောင်း ရေးပါလာက မော်ရိုကိုကွင်းလယ်လူ အမ်ရာဘတ်အား ခေါ် ယူရန် အာဆင်နယ်အသင်းကို တိုက်တွန်းပြောကြားခဲ့သည်။
အမ်ရာဘတ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်၏ ချီးကျူးခံထားရသူဖြစ်ပြီး ဖီအိုရင်တီးနားအသင်းတွင် ကစားနေသူလည်းဖြစ်သည်။
ရေးပါလာက "ကျွန်တော်သာ အာဆင်နယ်အသင်းမှာဆိုရင် သူ့ကို ကွင်းလယ်မှာ ရှိစေချင်ပါတယ်။ သူက အလွန်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ"ဟု ပြောကြားခဲ့သည်။
အမ်ရာဘတ်အား ခေါ်ယူရန် အာဆင်နယ်အသင်းအပြင် လီဗာပူးလ်၊ အင်တာမီလန်နှင့် စပါးအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ အမ်ရာဘတ်သည် ဖီအိုရင်တီးနားအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ဖီအိုရင်တီးနားအသင်းအတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
