ဘရာဇီးလ်အသင်း၏ ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုက မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ဘရာဇီးလ်လက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ကြာသပတေးနေ့က အတည်ပြုပြောကြားခဲ့သည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်သည် နည်းပြ ထိထီနှင့်လမ်းခွဲပြီးနောက် အစားထိုးခန့်အပ်ရန် ထိပ်တန်းနည်းပြများစွာကို ချိန်ရွယ်နေရာ ဂွါဒီယိုလာကို ဦးစွာကမ်းလှမ်းခဲ့သော်လည်း ၎င်းက မန်စီးတီးအသင်းတွင် ဆက်နေရန်သာ ဆုံးဖြတ်ခဲ့ကြောင်း ရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။
"ဂွါဒီယိုလာနဲ့ ဆွေးနွေးခဲ့ပေမဲ့ သူက မန်စီးတီးမှာ ဆက်နေဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်"ဟု ရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။
စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာသည် ပြီးခဲ့သည့် နိုဝင်ဘာလကမှ မန်စီးတီးအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားသူလည်း ဖြစ်သည်။
သို့သော် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF) ဥက္ကဋ္ဌသည် ၂၀၂၂-၂၃ ရာသီကုန်အထိ စောင့်ကြည့်ကာ ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ဂွါဒီယိုလာနှင့် ဆွေးနွေးသွားရန် စီစဉ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
