ကမ္ဘာ့ဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ပြင်သစ်အသင်းသည် ဘရာဇီးလ်အသင်းနောက်ပိုင်း ဗိုလ်လုပွဲသို့ နှစ်ကြိမ်ဆက်တက်ရောက်နိုင်သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ဆီမီးဖိုင်နယ် ဒုတိယနေ့တွင် ပြင်သစ်အသင်းက မော်ရိုကိုအသင်းအား (၂-၀) ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး နောက်ယင်းမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဘရာဇီးလ်အသင်းမှာမူ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အများဆုံးအဖြစ် (၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂)များ၌ (၃)ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ပြင်သစ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ စုစုပေါင်း(၄)ကြိမ်မြောက် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ၂၀၁၈၊ ၂၀၂၂ နှစ်ကြိမ်ဆက် တက်ရောက်ခြင်းလည်းဖြစ်သည်။
ထို့ပြင် ပြင်သစ်အသင်းအနေဖြင့် ၁၉၃၄၊ ၁၉၃၈ ပြိုင်ပွဲတွင် အီတလီ၊ ၁၉၅၈၊ ၁၉၆၂ ပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းတို့ နှစ်ကြိမ်ဆက် ဗိုလ်စွဲပြီးနောက်ပိုင်း ချန်ပီယံဆုကာကွယ်နိုင်သည့် တတိယမြောက်အသင်းဖြစ်လာရန် အခွင့်အရေးရှိနေသည်။
အာဂျင်တီးနားနှင့် ပြင်သစ်အသင်းတို့၏ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဒီဇင်ဘာ (၁၈)ရက်တွင် Lusail Stadium ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
