မန်ယူအသင်းနှင့်လမ်းခွဲခဲ့ပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အသင်းဟောင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းတွင် သွားရောက်လေ့ကျင့်လျက်ရှိကြောင်း သိရ သည်။
စီရော်နယ်လ်ဒို (၃၇ နှစ်) သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မန်ယူအသင်းနှင့် စာချုပ်ဖျက်သိမ်းထားသဖြင့် လတ်တလောတွင် အသင်းလက်မဲ့ဖြစ်နေပြီး ဇန်နဝါရီ (၁)ရက်မှစတင်ကာ အခြားအသင်းများသို့ ပြောင်းရွှေ့ခွင့် ရထားသူဖြစ်သည်။
ဗြိတိန်နှင့် စပိန်သတင်းဌာနများ၏ ဖော်ပြမှုအရ စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်း၏ Valdebebas လေ့ကျင့်ရေးကွင်း၌ တစ်ဦးတည်းလေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး အသင်းဟောင်းအနေဖြင့် ၎င်းအား ပြန်လည်ခေါ်ယူမည့်အချက်မပါဝင်ကြောင်း သိရသည်။
၎င်းအား ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက ကမ္ဘာ့စံချိန်တင်လစာနှုန်းထားဖြင့် ကမ်းလှမ်းထားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း ကစားသမားကိုယ်တိုင်ကမူ ဥရောပ၌သာ ဆက်လက်ကစားခွင့်ရရန် ဆန္ဒရှိနေကြောင်း ခန့်မှန်းသုံးသပ်မှုများရှိနေသည်။
စီရော်နယ်လ်ဒိုသည် ၂၀၂၁ ခုနှစ် နွေရာသီတွင် ဂျူဗင်တပ်စ်မှ အသင်းဟောင်း မန်ယူသို့ ကနဦး(၂) နှစ်စာချုပ်အပြင် တစ်နှစ်ထပ်မံတိုးမြှင့်နိုင်သည့်စာချုပ်ဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ၂၀၂၁-၂၀၂၂ ရာသီတွင် ပရီးမီးယားလိဂ်၌ (၁၈)ဂိုးအပါအဝင် ပြိုင်ပွဲစုံ (၂၄)ဂိုးသွင်းယူကာ အသင်း၏ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။
သို့သော် ၎င်းအနေဖြင့် ယခုနွေရာသီတွင် နည်းပြသစ် အဲရစ်တန်ဟက်ဂ် ရောက်ရှိလာပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ရရန်ပင် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၁၆)ပွဲကစားရာ၌ (၃)ဂိုးသာ သွင်းယူထားနိုင်သည်။
ထို့ပြင် ၎င်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နာမည်ကျော် ဗြိတိန်ရုပ်သံတင်ဆက်သူ ပီယာ့စ်မော်ဂန်နှင့်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် အသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့် နည်းပြ အဲရစ်တန်ဟက်ဂ်တို့ကို ပြင်းထန်စွာ ဝေဖန်ပြောကြားခဲ့သဖြင့် စာချုပ်ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ဆက်သွယ်ကာ အသင်း၏ လေ့ကျင့်ခန်းအထောက်အကူပြုပစ္စည်းများကို အသုံးပြုခွင့်ပေးရန် ခွင့်တောင်းခဲ့ခြင်းဖြစ်ပြီး ကြံ့ခိုင်မှုအခြေအနေကို ထိန်းထားခြင်းက ကလပ်အသင်းသစ်ရှာဖွေမှု ပိုမိုမြန်ဆန်စေရန်ဖြစ်ကြောင်းလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
