ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် ဒဏ်ရာပျောက်ကင်းခဲ့ပြီဖြစ်၍ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြင်သစ်နည်းပြ ဒေးရွှမ့်က ဖြေကြားရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ဘန်ဇီမာသည် ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ လေ့ကျင့်မှုအစီအစဉ်တွင် ပေါင်ဒဏ်ရာရရှိခဲ့သောကြောင့် ပြိုင်ပွဲတစ်ခုလုံးနှင့် လွဲချော်ရမည်ဟု သတင်းထွက်ခဲ့သော်လည်း ယခုအခါ ဒဏ်ရာမှ ပြန်ကောင်းလာခဲ့သည်။
ပြင်သစ်အသင်း သည် ၎င်း ဒဏ်ရာရခဲ့သော်လည်း အစားထိုးခေါ်ယူခြင်းမပြုခဲ့သောကြောင့် ၎င်းအနေဖြင့် ပြင်သစ်အသင်းလူစာရင်းတွင် ရှိနေပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ ပါဝင်ကစားရန် အခွင့်အရေးရှိနေကြောင်း သတင်းထွက်လာခြင်းဖြစ်သည်။
ထို့ကြောင့် Ballon d'Or ဆုရှင် ဘန်ဇီမာကို ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် မြင်တွေ့ရနိုင်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။
သို့သော် နည်းပြ ဒေးရွှမ့်က ဖြေကြားရန် ငြင်းဆန်ခဲ့သလို၊ ဟန်ချက်မိနေသည့် အသင်း၏လူစာရင်းကို အပြောင်းအလဲပြုလုပ်ဖွယ်မရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
