ပြင်သစ်လက်ရွေးစင်အသင်း၏ ကွင်းလယ်ကစားသမား ချူယာမန်နီက လက်ရှိအချိန်၌ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် အာဂျင်တီး နားဝါရင့်တိုက်စစ်မှူး မက်ဆီထက် ပိုကောင်းသည့် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပြီး လာမည့်တနင်္ဂနွေနေ့တွင် သက်သေပြလိမ့်မည်ဟု ပြောကြားခဲ့သည်။
ပြင်သစ်နှင့် အာဂျင်တီးနားအသင်းတို့သည် တနင်္ဂနွေနေ့တွင် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းအသင်းနှစ်သင်း ဗိုလ်လုပွဲသို့ ရောက်ရှိလာရာ၌ ဘာပေနှင့် မက်ဆီတို့မှာ အရေးအပါဆုံးကစားသမားများ ဖြစ်ခဲ့သည်။
လက်ရှိအချိန်၌ နှစ်ဦးစလုံး (၅)ဂိုးစီသွင်းယူကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပူးတွဲဦးဆောင်နေ သလို၊ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုလည်း မက်ဆီက (၄)ကြိမ်၊ ဘာပေက (၃)ကြိမ် ရရှိခဲ့သည်။
ထို့ကြောင့် ဗိုလ်လုပွဲတွင် ချန်ပီယံဆုဖလားကိုသာမက အကောင်းဆုံးကစားသမားဆုနှင့် ဂိုးသွင်းအများဆုံးကစားသမားဆုများ ကိုလည်း ၎င်းတို့နှစ်ဦး အပြိုင်လုရဖွယ်ရှိနေသည်။
ယင်းအခြေအနေအတွင် ချူယာမန်နီက "ကျွန်တော့်အတွက်တော့ ဘာပေက အကောင်းဆုံးပါပဲ။ တနင်္ဂနွေနေ့မှာ ဒါကို သူ သက်သေပြပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
သို့သော် ပြင်သစ်အသင်းတွင် ခြေစွမ်းပြနေသည့် ဂရီးဇ်မန်းကမူ မက်ဆီသည် လက်ရှိဘောလုံးလောက၏ အကောင်းဆုံးဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
