ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့်ပုံစံကို ပြန်လည်သုံးသပ်မှု ပြုလုပ်နေကြောင်း သိရသည်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း(၄၈)သင်းဖြင့် တိုးချဲ့ကျင်းပမည့် ပြိုင်ပွဲဖြစ်ပြီး မူလက (၃)သင်းစီပါဝင်သည့် အုပ်စု(၁၆)ခုဖြင့် စတင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ယခုအခါ ပရိသတ်များအတွက် စိတ်လှုပ်ရှားစရာပိုဖြစ်စေမည့် ပြိုင်ပွဲပုံစံကို စဉ်းစားနေခြင်းဖြစ်ပြီး (၄)သင်းစီပါဝင်သည့် အုပ်စု(၁၂)ခုဖြင့် ကျင်းပခြင်း သို့မဟုတ် (၄)သင်းစီပါဝင်သည့် အုပ်စု(၆)ခု နှစ်ခြမ်းခွဲကာ တစ်ဖက်မှ အသင်းတစ်သင်းစီ ဗိုလ်လုပွဲတက်ရောက်သည့်ပုံစံ ကျင်းပခြင်း ပြုလုပ်သွားရန် သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ၂၀၂၆ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
