အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်စွမ်းပြနေသည့် ဂိုးသမား အမ်မီလီယာနိုမာတီနက်ဇ်က အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီသည် အသက်(၅၀)အထိ ကစားနိုင်မည့်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် မက်ဆီက လာမည့်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ၎င်းအတွက် အာဂျင်တီးနားကစားသမားဘဝ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမည်ဟု ဆိုထားသော်လည်း မာတီနက်ဇ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အသင်းကို ဆက်လက်ဦးဆောင်ပေးရန်လည်း တိုက်တွန်းခဲ့သည်။
မာတီနက်ဇ်က "ကျွန်တော့်အမြင်မှာတော့ သူက အသက်(၅၀)အထိ ကစားနိုင်ပါတယ်။ သူ့ကို သွက်သွက်လက်လက်နဲ့ မြင်တွေ့နေရသလို၊ အရမ်းကောင်းနေတုန်းပဲဆိုတာလည်း တွေ့ရပါတယ်"ဟု FootballersLives.tv နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ထို့ပြင် လာမည့်ဗိုလ်လုပွဲမှာ မက်ဆီ၏ နောက်ဆုံးကမ္ဘာ့ဖလားပွဲစဉ် ဖြစ်မလာရန် မျှော်လင့်ကြောင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဆက်လက်ဦးဆောင်ပေးစေလိုကြောင်းလည်း ပြောကြားခဲ့သည်။
အာဂျင်တီးနားအသင်းမှ အခြားကစားသမားများကလည်း မက်ဆီကို လက်ရွေးစင်အဖြစ်မှ အနားမယူစေလိုသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
