ဂက်ပိုအားခေါ်ယူလိုသည့် အသင်းများထဲတွင် ရီးယဲလ်မက်ဒရစ်လည်းပါဝင်လာ
24htopnews | September 16, 2024 5:13 PM CST
စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နယ်သာလန်အသင်းအတွက် ခြေစွမ်းပြခဲ့သည့် PSV တောင်ပံကစားသမား ဂက်ပို (၂၃ နှစ်)အားခေါ်ယူရန် ပစ်မှတ်ထားနေကြောင်းစပိန်မီဒီယာများကဖော်ပြခဲ့ကြသည်/
ဂက်ပိုအားခေါ်ယူရန်အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် မန်ယူ၊ လီဗာပူးလ်နှင့် အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေသလို၊ စီးရီးအေအသင်းကြီးအချို့ကလည်း ပစ်မှတ်ထားလျက်ရှိနေသည်။
ရီးယဲလ်အသင်းအနေဖြင့် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာတော့မည့် ဟာဇက်၊ မာရီမာနိုဒီယက်ဇ်တို့၏နေရာတွင် ထိပ်တန်းအဆင့် ကစားသမားတစ်ဦးနှင့် အစားထိုးရန်စီစဉ်နေပြီး ဂက်ပိုကို ပစ်မှတ်ထားလာခြင်းဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
