အေစီမီလန်အသင်းမှ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ၂၀၂၂ ကာတာကမ္ဘာ့ဖလားတွင် ဗိုလ်စွဲမည့်အသင်းကို သတ်မှတ်ထားပြီးဖြစ်ပြီး မက်ဆီအနေဖြင့် ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုုင်မည်ဟု ခန့်မှန်းခဲ့သည်။
ယခု ကမ္ဘာ့ဖလားတွင် ဘရာဇီးလ်၊ ဂျာမနီ၊ စပိန်နှင့် ဘယ်လ်ဂျီယံတို့မှာ ပြိုင်ပွဲမှ စောစီးထွက်ခွာခဲ့ရသဖြင့် ခန့်မှန်းရပိုမိုလွယ်ကူခဲ့သည်။
ဒူဘိုင်းတွင် အေစီမီလန်အသင်းနှင့် လေ့ကျင့်မှုများ ပြုလုပ်နေသည့် အီဘရာဟီမိုဗစ်အား ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲမည့်အသင်းအား မေးမြန်းခဲ့ရာ ၎င်းက မက်ဆီ၏ အာဂျင်တီးနားအသင်း ဗိုလ်စွဲမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
အီဘရာဟီမိုဗစ်က ''ဘယ်အသင်း ကမ္ဘာ့ဖလားရမယ်ဆိုတာကို ရေးထားပြီးသားလို့ ထင်ပါတယ်။ ကျွန်တော် ဘယ်သူ့ကိုပြောတယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပါ။ မက်ဆီ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်မယ်လို့ ထင်ပါတယ်။ ကြိုရေးထားတဲ့ အတိုင်းပေါ့''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
