အာဂျင်တီးနားကို ကမ္ဘာ့ဖလား မရစေလိုဟု ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို ဝန်ခံ
24htopnews | September 16, 2024 5:13 PM CST
ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုက တောင်အမေရိကမဟာပြိုင်ဘက် အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား မရစေလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။
အာဂျင်တီးနားအသင်းသည် ဆီမီးဖိုင်နယ်တွင် ခရိုအေးရှားကိုကျော်ကာ ဗိုလ်လုပွဲသို့ (၆)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည်။
ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားကို ဗိုလ်စွဲစေလိုသလားဟုမေးမြန်းခဲ့ရာ ရော်နယ်လ်ဒိုက ''မက်ဆီအတွက် ကျွန်တော် ပျော်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပြိုင်ဆိုင်မှုကြောင့် အာဂျင်တီးနားကို ကမ္ဘာ့ဖလားရစေချင်တယ်လို့ ပြောရင် ကျွန်တော် ကြောင်သူတော်လုပ်တာပဲ ဖြစ်ပါလိမ့်မယ်''ဟု ဆိုခဲ့သည်။
အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံပြင်သစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
