ရည်းစားဟောင်း၏ ဓာတ်ဆီဖြင့်လောင်းပြီး မီးရှို့ခဲ့သည့်အတွက် သေဆုံးခဲ့သော ယူဂန် ဒါအိုလံပစ်အားကစားမယ် ရေဘက်ကာ ချက်တီဂိုင်း ကို စက်တင်ဘာ ၁၄ ရက်က နိုင်ငံအရှေ့မြောက်ပိုင်းရှိ ၎င်း၏မွေးရပ်မြေတွင် စစ်ရေးအခမ်းအနားဖြင့် သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။
အသက် ၃၃ နှစ်အရွယ် ချက်တီဂိုင်းသည် သြဂုတ် ၁၁ ရက်က ပါရီအိုလံပစ်ပြိုင်ပွဲ၏ ၄၄ ကြိမ်မြောက် မာရသွန်ပြိုင်ပွဲကိုဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ကင်ညာနိုင်ငံ အနောက်ပိုင်းတောင်ပေါ်ဒေသရှိ ၎င်း၏နေ အိမ်သို့ ပြန်လာခဲ့သည်။
ယင်းပြိုင်ပွဲသည် ၎င်း၏ နောက်ဆုံးပြိုင်ပွဲဖြစ်ခဲ့သည်။
သီတင်းပတ် သုံးပတ်အကြာ၌ ၎င်း၏ရည်းစားဟောင်း ဒစ်ဆန်နစ် ဒီမာမာရန်ဂတ်ချ်သည် ကင်ယိုရိုကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းမှ ၎င်း၏သမီးနှစ်ဦးနှင့် ညီမဖြစ်သူနှင့်အတူပြန်လာသော ချက်တီဂိုင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကင်ညာရဲတပ်ဖွဲ့နှင့် ၎င်း၏မိသားစုက ဆိုသည်။
မီးရှို့တိုက်ခိုက်မခံရခင် မကြာသေးမီရက်များအတွင်း ချက်တီဂိုင်းသည် ရဲတပ်ဖွဲ့ထံ သွားရောက်၍ မာရန်ဂတ်ချ်ကို တိုင်တန်းမှု သုံးကြိမ်ရှိခဲ့သည်ဟု ဖခင်ဖြစ်သူ ဂျိုးဆပ်ချက်တီဂိုင်းက ရိုက်တာသတင်းကို ပြောပြခဲ့သည်။
ချက်တီဂိုင်းသည် ခန္ဓာကိုယ်၏၈ဝရာခိုင်နှုန်း မီးလောင်ကျွမ်းခံခဲ့ရပြီးနောက် လေးရက်အကြာတွင် ဒဏ်ရာများဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
Ref:Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
