ယခုတစ်ပတ် စတင်မည့် ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲရန် မန်စီးတီးအသင်း အလားအလာအကောင်းဆုံးဟု Opta ၏ စူပါကွန်ပျူတာက ခန့်မှန်းထားကြောင်း သိရသည်။
စူပါကွန်ပျူတာသည် Opta မှ ပြုစုထားသည့် အချက်အလက်များအပေါ် အခြေခံကာ ရာသီသစ် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ခန့်မှန်းတွက်ချက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရသော်လည်း ယခုရာသီ၌ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ရန် အလားအလာအကောင်းဆုံးအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။
စူပါကွန်ပျူတာက မန်စီးတီးအသင်းအနေဖြင့် ချန်ပီယံလိဂ်ဖလားရရှိရန် အလားအလာ(၂၅.၃%)ရှိသည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းဖြစ်သည့်အပြင် ဆုဖလားအများဆုံး ရရှိထားသည့် ရီးယဲလ်မက်ဒရစ်အသင်းက ချန်ပီယံဖြစ်နိုင်ခြေအလားအလာ (၁၈.၂%)ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
ပြီးခဲ့သည့်ရာသီ၌ ရှုံးထွက်(၁၆)သင်းအဆင့်အထိသာ ရောက်ရှိခဲ့သော အင်တာမီလန်အသင်းက ဗိုလ်စွဲနိုင်ခြေ အလားအလာ(၁၀.၉%)နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား ရယူဖူးခြင်းမရှိသေးသည့် အာဆင်နယ်အသင်းက အလားအလာ(၆.၃%)ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာတွင် ရပ်တည်ခဲ့သည်။
ပြီးခဲ့သည့်ရာသီက အံ့အားသင့်ဖွယ် ခြေစွမ်းပြခဲ့သည့် ဘွန်ဒစ်လီဂါချန်ပီယံ လေဗာကူဆင်က အဆင့်(၅)နေရာ၊ ဘာစီလိုနာက အဆင့်(၆)နေရာ၊ လီဗာပူးလ်က အဆင့်(၇)နေရာ၊ ဘိုင်ယန်မြူးနစ်က အဆင့်(၈)နေရာ၊ PSG က အဆင့်(၉)နေရာ၊ လိုက်ပ်ဇစ်က အဆင့်(၁၀)နေရာ ရရှိခဲ့သည်။
၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသွင်သစ်ဖြင့် ပြောင်းလဲကျင်းပမည်ဖြစ်ပြီး အသင်းတစ်သင်းလျှင် ပြိုင်ဘက်(၈)သင်းနှင့် (၈)ပွဲစီ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
ယင်းအတွက် ပွဲအချောင်ဆုံးအဖြစ် ဆဲလ်တစ်အသင်း သတ်မှတ်ခံရပြီး ပွဲအကျပ်ဆုံးအဖြစ် PSG အသင်း သတ်မှတ်ခံရကြောင်းလည်း Opta က ဖော်ပြခဲ့သည်။
လီဗာပူးလ်အသင်းမှာ PSG ၏နောက် ဒုတိယပွဲအကျပ်ဆုံးအဖြစ် သတ်မှတ်ခံရသောကြောင့် ဗိုလ်စွဲနိုင်ခြေအလားအလာလည်း လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စူပါကွန်ပျူတာက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန်အလားအလာလုံးဝမရှိသည့်အသင်း တစ်နည်းအားဖြင့် အလားအလာ(၀%)သာရှိသည့်အသင်း (၉)သင်းရှိသည်ဟုလည်း သတ်မှတ်ခဲ့သည်။
အဆိုပါအသင်းများမှာ ယန်းဘွိုင်းစ်၊ ဆလိုဗန်၊ ရှက်တာဒိုးနက်၊ ဇဗက်ဒါ၊ ဘရက်စ်၊ စတမ်းဂရက်ဇ်၊ ဆာလ်ဇ်ဘာ့ဂ်၊ ဒိုင်နမိုဇာဂရက်နှင့် ဆဲလ်တစ်တို့ဖြစ်သည်။
ဗိုလ်စွဲရန် အလားအလာအကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရသော မန်စီးတီးအသင်းသည် လိဂ်အဆင့်တွင် အင်တာမီလန်၊ ဆလိုဗန်၊ စပါတာပရပ်ဂ်၊ စပို့တင်းလစ္စဘွန်း၊ ဖီယင်နု၊ ဂျူဗင်တပ်စ်၊ PSG၊ ကလပ်ဘရုဂေးတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
စူပါကွန်ပျူတာ၏ ဗိုလ်စွဲနိုင်ခြေ ခန့်မှန်းချက်
အသင်း အလားအလာ
မန်စီးတီး ၂၅.၃%
ရီးယဲလ် ၁၈.၂%
အင်တာမီလန် ၁၀.၉%
အာဆင်နယ် ၆.၃%
လေဗာကူဆင် ၅.၄%
ဘာစီလိုနာ ၅.၂%
လီဗာပူးလ် ၄.၂%
ဘိုင်ယန်မြူးနစ် ၄.၁%
PSG ၄.၁%
လိုက်ပ်ဇစ် ၂.၄%
ဒေါ့မွန် ၂.၄%
စပို့တင်းလစ္စဘွန်း ၂.၂%
အက်သလက်တီကို ၂.၂%
အတ္တလန်တာ ၁.၇%
ဂျူဗင်တပ်စ် ၁.၁%
ဂျီရိုနာ ၁%
PSV ၀.၇%
စတုဂတ် ၀.၆%
မိုနာကို ၀.၅%
အေစီမီလန် ၀.၄%
ဘင်ဖီကာ ၀.၂%
အက်စတွန်ဗီလာ ၀.၂%
စပါတာပရပ်ဂ် ၀.၂%
ဘိုလော့ဂ်နာ ၀.၁%
လိုင်လီ ၀.၁%
ဖီယင်နု ၀.၁%
ကလပ်ဘရုဂေး ၀.၁%
ဆဲလ်တစ် ၀%
ဒိုင်နမိုဇာဂရက် ၀%
ဆာလ်ဇ်ဘာ့ဂ် ၀%
စတမ်းဂရက်ဇ် ၀%
ဘရက်စ် ၀%
ဇဗက်ဒါ ၀%
ရှက်တာဒိုးနက် ၀%
ဆလိုဗန် ၀%
ယန်းဘွိုင်းစ် ၀%
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
