ဆိုစီဒက်အသင်းအား (၂-၀)ဂိုး ဖြင့်အနိုင်ရခဲ့သည့် လာလီဂါပွဲစဉ်အပြီးတွင် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ဖိအားများနည်းပါးလာပြီဟု စပိန်မီဒီယာများဖော်ပြခဲ့ပြီး ဂျာမန်ကလပ်စတုဂတ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ၂၀၂၄-၂၅ ရာသီချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် ကွင်းလယ်လူများဖြစ်သည့် ဘယ်လင်ဂမ်နှင့် ချူယာမန်နီတို့ ပါဝင်လာဖွယ်ရှိနေကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၄ နွေစျေးကွက်အတွင်း အသင်း၏ ကာလရှည်ပစ်မှတ် ဘာပေအားခေါ်ယူနိုင်ခဲ့သော်လည်း ရာသီအစတွင် ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရသလို အဓိက ကစားသမားများ၏ ဒဏ်ရာပြဿနာများကြောင့် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
သို့သော် လက်ရှိတွင် ဘာပေအနေဖြင့် ဂိုးများဆက်တိုက်သွင်းယူကာ ခြေစွမ်းပြလာနိုင်သလို၊ အသင်းဖော် ဗင်နီစီယပ်စ်၊ ရိုဒရီဂိုတို့နှင့် တွဲဖက်ညီစွာကစားနိုင်ခဲ့ပြီး အဝတ်လဲခန်းအတွင်း ယုံကြည်မှုပြန်လည်မြင့်တက်နေကြောင်း စပိန်အား ကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။
ထို့ပြင် လက်ရှိဒဏ်ရာကြောင့် အနားယူနေရသည့် အင်္ဂလန်ကြယ်ပွင့် ကွင်းလယ်လူ ဘယ်လင်ဂမ်နှင့် ပြင်သစ်ကွင်းလယ်လူ ချူယာမန်နီတို့မှာလည်း စတုဂတ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် (စက်တင်ဘာ ၁၈) ချန်ပီယံအုပ်စုအဖွင့်ပွဲစဉ်တွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
ဘယ်လင်ဂမ်သည် ရီးယဲလ်အသင်းအတွက် ယခုရာသီတွင် လာလီဂါအဖွင့်ပွဲစဉ် (၁)ပွဲသာပါဝင်ကစားထားပြီး နောက်ကျောဒဏ်ရာအား ခွဲစိတ်မှုပြုလုပ်ခဲ့သလို၊ ချူယာမန်နီမှာလည်း ပြီးခဲ့သည့် နိုင်ငံတကာရက်သတ္တပတ်အတွင်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်ဦးစလုံး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
