ပရီးမီးယားလိဂ်၏ ဒုတိယဂိုးဖန်တီးမှုအများဆုံးဂိုးသမားအဖြစ် အီဒါဆန် ရပ်တည်လာ
24htopnews | September 16, 2024 6:12 PM CST
မန်စီးတီးဂိုးသမား အီဒါဆန်သည် ပရီးမီးယားလိဂ်၏ ဒုတိယဂိုးဖန်တီးမှုအများဆုံးဂိုးသမားအဖြစ် ပူးတွဲရပ်တည်လာနိုင်ခဲ့ကြောင်း သိရသည်။
အီဒါဆန်သည် ယခုတစ်ပတ် ဘရန့်ဖို့ဒ်နှင့်ပွဲတွင် ဟာလန်း သွင်းယူသည့် ဒုတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့သည့်အတွက် ဂိုးဖန်တီးမှု (၄)ကြိမ်ရှိလာခဲ့ပြီး ဒေးဗစ်ဆီးမင်း၊ ရေနာတို့၏ စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်၏ ဂိုးဖန်တီးမှုအများဆုံးဂိုးသမားအဖြစ် ရပ်တည်နေသူမှာ စပါးဂိုးသမားဟောင်း ပေါလ်ရော်ဘင်ဆင်ဖြစ်ကြောင်း သိရသည်။
အီဒါဆန်၏ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်ဖြစ်သည့် လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်မှာလည်း ပရီးမီးယားလိဂ်တွင် ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
