အင်တာမိုင်ယာမီအသင်း၏ တိုက်စစ်မှူး မက်ဆီသည် ယခုတစ်ပတ် မေဂျာလိဂ်ပွဲစဉ်တွင် (၂)ဂိုးသွင်းယူကာ (၁)ဂိုးဖန်တီးနိုင်ခဲ့သည့်အတွက် မေဂျာလိဂ်ပြိုင်ပွဲ၏ စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။
မက်ဆီသည် မေဂျာလိဂ်ပြိုင်ပွဲ၌ သွင်းဂိုး(၁၅)ဂိုးနှင့် ဂိုးဖန်တီးမှု(၁၅)ကြိမ်ကို ပွဲအရေအတွက်အနည်းဆုံးဖြင့် ပြည့်မြောက်သူအဖြစ် (၁၉)ပွဲဖြင့် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခင်က စံချိန်တင်ထားသူမှာ အီတလီကစားသမား ဂျီယိုဗင်ကိုဖြစ်ပြီး (၂၉)ပွဲကစားခဲ့ရခြင်းဖြစ်သည်။
မက်ဆီသည် ကိုပါအမေရိကပြိုင်ပွဲတွင် ရရှိခဲ့သော ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေခဲ့ရသည့်အတွက် ယခုမှ အင်တာမိုင်ယာမီအသင်းအတွက် ပြန်ကစားပေးနိုင်ခြင်းဖြစ်သည်။
၎င်းသည် ပထမဆုံးပြန်ကစားသည့်ပွဲတွင်ပင် ခြေစွမ်းပြဂိုးများ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
အင်တာမိုင်ယာမီအသင်းသည် ဒုတိယနေရာမှ ပြိုင်ဘက်ကို (၁၀)မှတ်ဖြတ်ထားပြီး ပြိုင်ပွဲကို ဦးဆောင်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
