ဂျူဗင်တပ်စ်အသင်းနှင့် အီတလီလက်ရွေးစင်အသင်းတို့၏ ဂန္ထဝင်နောက်ခံလူ ချီလီနီသည် ကစားသမားဘဝမှအနားယူပြီးနောက် ဂျူဗင်တပ်စ်အသင်း၏ အုပ်ချုပ်မှုအဖွဲ့တွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဆကာနီဗီရိုက အတည်ပြုပြောကြားခဲ့သည်။
အသက် (၄၀)နှစ်အရွယ်ရှိ ချီလီနီသည် အမေရိကန်မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းတွင် ကစားနေစဉ် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလအတွင်းက ကစားသမားဘဝမှအနားယူကြောင်း ကြေညာခဲ့ပြီး (၉)လအကြာတွင် ဘောလုံးလောကသို့ တစ်ကျော့ပြန်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချီလီနီနှင့်ပတ်သက်ပြီး အသင်းဥက္ကဋ္ဌ ဆကာနီဗီရိုက ''ချီလီနီဟာ ဂျူဗင်တပ်စ်အသင်းကနေ ဘယ်သောအခါမှ အမှန်တကယ် မထွက်ခွာခဲ့ပါဘူး။ သူ့ (ချီလီနီ)ရဲ့ အရာအားလုံးဟာ ဂျူဗင်တပ်စ်အသင်းနဲ့အမြဲဆက်နွယ်နေတာပါ။ စက်တင်ဘာ (၁၆) ရက်နေ့ကစလို့ ချီလီနီဟာ အသင်းရဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်မှု အုပ်ချုပ်သူအဖြစ် တာဝန်ယူသွားပါမယ်''ဟု ဆိုခဲ့သည်။
ချီလီနီသည် ဂျူဗင်တပ်စ်အသင်းအတွက် (၁၇)ရာသီအတွင်း (၂၀၀၅-၀၆ မှ ၂၀၂၁-၂၂ အထိ)ပြိုင်ပွဲစုံ (၅၆၁)ပွဲကစားရာတွင် (၃၆)ဂိုးသွင်းယူပေးခဲ့ပြီး ပြည်တွင်းမေဂျာဆုဖလား (၁၉)လုံး ရယူနိုင်ခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
