စက်တင်ဘာ (၁၅)ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် လာလီဂါပွဲစဉ်(၅) ဂျီရိုနာ (၁-၄) ဘာစီလိုနာပွဲစဉ်အပြီးတွင် ဘာစီလိုနာအသင်းနှင့် ကစားသမားအချို့ မှတ်တမ်းကောင်းများ ပိုင်ဆို်င်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် လက်ရှိ ၂၀၂၄-၂၅ ရာသီ လာလီဂါရာသီအဖွင့်ပွဲစဉ် (၅) ပွဲဆက်တိုက်ကို အနိုင်ရရှိထားပြီး ယင်းမှာ နည်းပြဟောင်း ဗယ်လ်ဗာဒီလက်ထက် ၂၀၁၇-၁၈ ရာသီ (ရာသီအဖွင့် ၇ ပွဲဆက်အနိုင်)နောက်ပိုင်း (၇)ရာသီအတွင်း ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၅)ပွဲကစားပြီးချိန်တွင် သွင်းဂိုး (၁၇)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ယင်းမှာ ၂၀၁၇-၁၈ ရာသီ (၅ ပွဲကစား၊ ၁၇ ဂိုးသွင်း) အသင်း၏ လာလီဂါရာသီ အဖွင့်သွင်းဂိုးစံချိန်မှတ်တမ်းကို လိုက်မီခဲ့ခြင်းဖြစ်သလို အသင်းသမိုင်းတစ်လျှောက် တတိယအကြိမ်မြောက် (၁၉၅၉-၆၀၊ ၂၀၁၇-၁၈၊ ၂၀၂၄-၂၅) မှတ်တမ်းရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် နည်းပြသစ်ဖြစ်သည့် ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်ခ်လက်အောက် ယခုရာသီလာလီဂါပြိုင်ပွဲတွင် အကောင်းဆုံးခြေစွမ်းပြနေပြီး မန်စီးတီး (ပရီးမီးယားလိဂ် ၄ ပွဲကစား၊ ၄ ပွဲနိုင်)၊ ဘိုင်ယန်မြူးနစ် (ဘွန်ဒစ်လီဂါ ၃ ပွဲက စား၊ ၃ ပွဲနိုင်)နှင့် PSG (လီဂူး ၄ ပွဲကစား၊ ၄ ပွဲနိုင်)တို့နှင့်အတူ ဥရောပထိပ်တန်းလိဂ် (၅)ခု၏ ရာသီအဖွင့်ရာနှုန်းပြည့် နိုင်ပွဲရအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။
ဘာစီလိုနာအသင်း၏ ရလဒ်ကောင်းများနှင့်အတူ နည်းပြဖြစ်သူ ဟန်ဆီဖလစ်ခ်မှာလည်း ဗယ်လ်ဗာဒီ (၂၀၁၇- ၁၈ ရာသီ)နောက်ပိုင်း ဘာစီလိုနာအသင်းအတွက် ပထမဆုံးကိုင်တွယ်သည့်ရာသီတွင် လာလီဂါပွဲစဉ် (၅)ပွဲဆက်တိုက်အနိုင်ရသည့် ဒုတိယမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
ထို့အတူ ဂျီရိုနာနှင့်ပွဲစဉ်တွင် ဘာစီလိုနာကစားသမားအချို့ မှတ်တမ်းကောင်းများ ပိုင်ဆိုင်ခဲ့ပြီး အသင်း၏ လာလီဂါချန်ပီယံဆုရေပန်းစားမှုမှာလည်း အဆမတန်မြင့်တက်လာခဲ့ကြောင်းသိရသည်။
ဂျီရိုနာနှင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းအတွက် သွင်းဂိုး (၂)ဂိုးသွင်းယူပေးခဲ့သည့် ဆယ်ကျော်သက်ကြယ်ပွင့် တောင်ပံကစားသမား ယမားလ်မှာ လာလီဂါဂိုးပါဝင်ပတ်သက်မှု (၁၇)ကြိမ် (၈ ဂိုးသွင်း၊ ၉ ဂိုးဖန်တီး)အထိရှိလာခဲ့ပြီး အသက် (၁၇)နှစ်၊ (၆၄) ရက်ဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးစွမ်းဆောင်နိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၄ နွေရာသီကမှ ဘာစီလိုနာအသင်းထံပြောင်းရွှေ့လာခဲ့သည့် စပိန်တောင်ပံကစားသမား ဒါနီအော်လ်မိုမှာလည်း ကစားသမားဘဝ ပထမဆုံးလာလီဂါပွဲစဉ် (၃)ပွဲတွင် သွင်းဂိုး (၃) ဂိုးသွင်းယူပေးထားပြီး ဖာဘရီဂတ်စ် (၂၀၁၁- ၄ ပွဲကစား၊ ၄ ဂိုးသွင်း)နောက်ပိုင်း ကစားသမားသစ်တစ်ဦး၏အကောင်းဆုံးစွမ်းဆောင်ရည်မှတ်တမ်းဖြစ်ခဲ့ကြောင်းသိရသည်။
လာလီဂါပွဲစဉ် (၅)အပြီးတွင် ဘာစီလိုနာအသင်း၏ ယခုရာသီချန်ပီယံဆုရေပန်းစားမှုမှာ (၅)ဆအထိမြင့်တက်လာခဲ့ပြီး ထိပ်ဆုံးမှရေပန်းစားနေသည့် လက်ရှိချန်ပီယံရီးယဲလ်မက်ဒရစ် နှင့် ကွာဟမှုများစွာလျှော့ချနိုင်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် လာလီဂါချန်ပီယံဆုအား ၂၀၂၂-၂၃ ရာသီက နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
