ဘားအံမြို့ရေကြီးမှုဖြစ်စဉ်အတွင်း အသက် (၁၄)နှစ်အရွယ် ကလေ-းငယ်တစ်ဦးအပါအဝင် အမျိုးသားတစ်ဦး ရေန-စ်၍ အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြော သည်။
အသက်ဆုံးရှူံးသူနှစ်ဦးမှာ လက်ရှိအချိန်အထိ ပိုင်ရှင်မဲ့အဖြစ် ဘားအံပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး မိသားစုဝင်များ သိရှိနိုင်ရေးအတွက်လည်း အသိပေးထားကြောင်း ၎င်းက ဆိုသည်။
“မနေ့ စက်တင်ဘာ(၁၅) ရက်ကမှ အလေ-ာင်းပြန်တွေ့တာ။ အခုတော့ပိုင်ရှင်မဲ့အနေနဲ့ ဘားအံဆေးရုံကြီးကို ပို့ထားပါတယ်။ လက်ရှိတော့ရေကကျသွားတယ်ဆိုပေမယ့် စိုးရိမ်ရေမှတ်အထက်မှာပဲ ရှိနေသေးတယ်”ဟု ၎င်းက ရှင်းပြသည်။
ဒေသတွင်းကယ်ဆယ်ရေးသမားများအနေဖြင့် ယခုလ စက်တင်ဘာ (၂၂)ရက်နှင့် (၂၃)ရက်အတွင်း မုန်တိုင်းငယ်တစ်ခု ထပ်မံ ရှိနေသည်ဆိုသည့် သတင်းအတွက် မြစ်ရေအခြေအနေအား စောင့်ကြည့်နေကြပြီး လက်ရှိသံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် (၁၆၈)စင်တီမီတာတွင်ရှိနေသည်ဟု ဆိုသည်။
ရေအနည်းငယ်ပြန်ကျသွားသည့် ဘားအံမြို့အတွင်း အချို့ရပ်ကွက်များရှိနေအိမ်နှင့် လမ်းများ ပြန်ပေါ်နေပြီဖြစ်သော်လည်း မြစ်ကမ်းအနီးနှင့်အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်နှင့်လမ်းများ ရေနစ်မြှပ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။
ပုံစာ – ယနေ့ ဘားအံမြို့ရှောင်လမ်း မြင်ကွင်း


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
