ကချင်ပြည်နယ် ၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာတွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် မှော်ရှန်ဘုန်းကြီးကျောင်းသို့ လာရောက်ခိုလှုံနေသည့် ဒေသခံ စစ်ရှောင်များမှာ စားသောက်ရေးအတွက်အခက်အခဲများဖြစ်ပေါ်နေကြရကြောင်း စစ်ရှောင်အရေး ကူညီနေသူ သတင်းရင်းမြစ်တစ်ဦးက ပြောသ ည်။
တိုက်ပွဲကြောင့် ဖားကန့်ဒေသအတွင်း လမ်းပိုင်းဖြတ်သန်းသွားလာမှုများ အပါအဝင် ဆက်သွယ်ရေး ကွန်ရက်များပါ ပြတ်တောက်နေသည့်အတွက် အကူအညီတောင်းခံရန်ခက်ခဲနေပြီး၊ ဒေသတွင်း ကုန်ဈေးနှုန်းမှာလည်း အဆမတန်မြင့်တက်နေမှုကြောင့် အဆိုပါ စစ်ရှောင်များ၏ နေ့စဉ်စားသောက်ရေးအခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။
“စစ်ဘေးရှောင်လာတဲ့ ဒေသခံတစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု အရမ်းလိုအပ်နေပါတယ်။ဆက်သွယ်ရေးလိုင်းမရတော့ ပိုအခက်ကြုံနေရတယ်။ ကုန်ဈေးနှုန်းကလဲ အဆမတန်ကြီးမားတာကြောင့် တော်တော်လေးခက်ခဲနေပါတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် အခြားနီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်သာသနပြုကျောင်းများတွင် ခိုလှုံနေသူများရှိနေကာ စာရင်းအတိအကျမှာ ကောက်ယူနိုင်သေးခြင်းမရှိကြောင်း သိရသည်။
ဆိုင်းတောင်တိုက်ပွဲစတင်ဖြစ်ပွားသည့်အခြေအနေမှာ ယခုလ စက်တင်ဘာလ (၇) ရက် ၊ နံနက်အစောပိုင်း(၁)နာရီဝန်းကျင်အချိန်တွင် တပ်မတော်ဘက်မှ ဆိုင်းတောင်ရွာအတွင်းသို့ စစ်ကြောင်း (၃)ကြောင်းခွဲ၍ Luky Man Hotel နှင့် KTV အတွင်းရှိနေသည့် KIA၊ KPDF လက်နက်ကိုင်အဖွဲ့ကို ဝင်ရောက်စီးနင်းရာမှတစ်ဆင့် အပြန်လှန်ပစ်ခတ်မှု စတင်ခဲ့ပြီး တိုက်ပွဲရှိန်မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။
ထို့ကြောင့် စက်တင်ဘာ (၈) ရက် မွန်းလွဲပိုင်းအချိန်၌ ဆိုင်းတောင်ဒေသခံပြည်သူများ အလံဖြူထောင်ကာ ကျေးရွာကိုစွန့်၍ နီးစပ်ရာဘုန်းကြီးကြောင်းများသို့တိမ်းရှောင်မှုများရှိခဲ့ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
