ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း နဝင်းချောင်း ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းပိုင်းများနှင့် နဝင်းချောင်းဖြတ်ကူး သံကူကွန်ကရစ်တံတား ကြံ့ခိုင်မှုအခြေအနေအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အပြင် တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာအဝင် ကတ္တရာလမ်းနှင့် ချဉ်းကပ်လမ်းပျက်စီးနေမှုအခြေအနေများ၊ မကျီးပင်ကျေးရွာနှင့် ချောင်းခြားကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတား ချဉ်းကပ်ပျက်စီးနေမှုများအား ကြည့်ရှု၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းမှာကြားခဲ့သည်။
တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ (၁၁) ရက်မှ (၁၂) ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နဝင်းချောင်း ရေကြီး ရေလျှံဖြစ်ပေါ်ခဲ့ရပြီး လက်ရှိ ရေပြန်ကျသွားသောကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်နေခြင်းဖြစ်သည်။
အလားတူ ပုဏ္ဏမာကျေးရွာအဝင် ကွန်ကရစ်လမ်းနှင့် ကျေးရွာအတွင်း တင်ကျန်ခဲ့သည့် ရွှံ့နွံများအား ရှင်းလင်းခြင်း၊ မကျီးပင်ကျေးရွာအတွင်း စက်ယန္တရားဖြင့် အမှိုက်၊ ဒိုက်များ သန့်ရှင်းရေးပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း တပ်ကုန်းမြို့နယ်အတွင်း နဝင်းချောင်း ရေကြီး၊ ရေလျှံမှုကြောင့် လူေ-သဆုံးမှု၊ တိရစ္ဆာန်ေ-သဆုံးမှုနှင့် လူနေအိမ်များ မျောပါမှုစာရင်းများကို ကောက်ယူလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ယခုဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံးနှင့် အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်နေပြီး လက်ရှိ ရေဘေးသင့်သူများ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်စဉ် စားသောက်မှုအတွက် စားသောက်ဖွယ်ရာများကို သတ်မှတ်နှုန်းထားအတိုင်း ထောက်ပံ့ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
