တောင်ငူတွင် ရေအနည်းငယ်ပြန်ကျလာပြီဖြစ်သော်လည်း အကူအညီမရောက်သေးသည့် နေရာများ ရှိနေ၊ ရေဘေးကူညီသည့် ရှင်ပေါလုအဖွဲ့မှ ပရဟိတအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း တောင်ငူမြို့တွင် ရေဘေး ကူညီနေသည့် အဖွဲ့အချို့ထံမှ သိရသည်။
" တယောက်ဆုံးပါးသွားတယ်။ ရှင်ပေါလုအဖွဲ့ကပါ" ဟု တောင်ငူမြို့ရှိ ရေဘေးကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသူမှာ ရှင်ပေါလုအဖွဲ့မှ ၂၆ နှစ်အရွယ် စောနော်ဂြ ဖြစ်ကြောင်းသိရပြီး ရေစီးသန်သည့်အချိန်တွင် ရေထဲသို့မျှောပါကာ အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
တောင်ငူတွင် ရေအနည်းငယ်ပြန်ကျလာပြီ ဖြစ်သော်လည်း အချို့သောနေရာများမှာ ကယ်ဆယ်ရေးများ မရောက်ရှိသဖြင့် ယင်းနေရာများသို့ ဦးစားပေးကာ သွားရောက်ကူညီကယ်ဆယ်နေသည်ဟု တောင်ငူမြို့ရှိ Save The Trees Rescue Team မှ ကိုကျော်သူရက ပြောကြားသည်။
" ရေကတော့ ပြန်ကျနေတယ်။ ဒါပေမဲ့ ရေတက်တုန်းက ကျွန်တော်တို့ မရောက်ခဲ့တဲ့နေရာတွေရှိတယ်။ အဲ့ဒီနေရာတွေမှာက သုံးလေးရက်လောက် ကြာနေတော့ ဒုက္ခရောက်နေကြတယ်။ အဲ့ဒီနေရာတွေက ရေကြီးတုန်းက အန္တရာယ်တော်တော်ရှိတယ်။ ရေစီးကြမ်းတယ်။ ရေဝဲတွေ ရှိတယ်။ အခုတော့ အဲ့ဒီနေရာတွေကို စမ်းတိုးနေတယ်" ဟု ကိုကျော်သူရက ပြောကြားသည်။
အဆိုပါနေရာများမှာ တောင်ငူမြို့ လေးမိုင်ဘက်အခြမ်းရှိ ကမ်းဘားနီ၊ နောင်ဘိုနောင်ချို အစရှိသည့် ကျေးရွာများဖြစ်ပြီး ရေကြီးရေလျှံမှုကြောင့် သုံးလေးရက်ခန့် အစာနှင့် သောက်စရာရေများ ပြတ်လပ်နေသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
